ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ "အကောင်းဆုံး ခရီးသွားကျေးရွာများ"စာရင်းတွင် တရုတ်နိုင်ငံ ကျေးရွာ ၄ရွာ အသစ်ထည့်သွင်းခံရ

2023-10-20 22:27:07
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အထွေထွေ ညီလာခံ ၂၅ကြိမ်မြောက် အစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံ Samarqand၌ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပပြီး ၂၀၂၃ ခုနှစ် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ "အကောင်းဆုံးခရီးသွားကျေးရွာများ" စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဟွမ်လင်ကျေးရွာ၊ ကျဲ့ကျန်းပြည်နယ် ရှကျန်းကျေးရွာ၊ ကန်စုပြည်နယ် ဇားကာနကျေးရွာနှင့် ရှန်ရှီးပြည်နယ် ကျူးကျားဝမ်ကျေးရွာတို့ ပါဝင်ခဲ့ပါသည်။ အကောင်းဆုံးခရီးသွားကျေးရွာစာရင်းတွင် ၂၀၂၁ခုနှစ်က ကျဲ့ကျန်ပြည်နယ် ယွီကျေးရွာနှင့် အန်းဟွေးပြည်နယ် ရှီးတိကျေးရွာ၊ ၂၀၂၂ခုနှစ်က ကွမ်ရှီးဒါ့ကျိုက်ကျေးရွာနှင့် ချုံချင့် ကျင်းကျူကျေးရွာတို့ ပါဝင်ခဲ့သည့်အတွက် တရုတ်နိုင်ငံမှာ ကျေးရွာစုစုပေါင်း ၈ရွာဖြစ်ပြီး ကမ္ဘာပေါ်တွင် ပထမအဆင့်၌တည်ရှိပါသည်။

ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ "အကောင်းဆုံး ခရီးသွားကျေးရွာများ"စာရင်းတွင် တရုတ်နိုင်ငံ ကျေးရွာ ၄ရွာ အသစ်ထည့်သွင်းခံရ