“မြန်မာ-တယ်ဟုန်-ချုံချင့် နယ်မြေဖြတ်ကျော် ကုန်းလမ်း-ရထားလမ်း ပေါင်းစပ်ပြေးဆွဲမှု ရထားတွဲ”ပြေးဆွဲ

2023-10-26 16:11:29
အရင်းအမြစ်:瑞丽市融媒体中心

အောက်တိုဘာလ ၂၅ ရက် ၁၀ နာရီအချိန်တွင် ဆန်များအပြည့်တင်ဆောင်ထားသည့် “မြန်မာ-တယ်ဟုန်-ချုံချင့် နယ်မြေဖြတ်ကျော် ကုန်းလမ်း-ရထားလမ်း ပေါင်းစပ်ပြေးဆွဲမှု ရထားတွဲ”ကွန်တိန်နာကား ၁၀ စီးခန့်သည် တယ်ဟုန်ပြည်နယ်ခွဲ တရုတ်မြန်မာ(နိုင်ငံတကာ)ခေတ်မီစိုက်ပျိုးရေးကုန်ပစ္စည်းစက်မှုဇုန်မှ ထွက်ခွာပြီး ပေါင်ရှန်းမြောက်ပိုင်းရထားဘူတာသို့ လျင်မြန်စွာ မောင်းနှင်သွားပြီး ဆိုက်ရောက်ပြီးနောက် ရထားလမ်းမှတစ်ဆင့် ချုံချင့်ရှောင်ထွမ်ကျယ်ရွာဘူတာသို့ ပို့ဆောင်သွားမည် ဖြစ်ပါသည်။

ဤတစ်သုတ် ဆန်များသည် မြန်မာနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ဝမ်တိန်နယ်စပ်ဂိတ်မှ နယ်ဝင်ကာ တရုတ်မြန်မာ(နိုင်ငံတကာ)ခေတ်မီစိုက်ပျိုးရေးကုန်ပစ္စည်းစက်မှုဇုန်တွင် အချောကိုင်ပြီးနောက် ကုန်းလမ်းရထားလမ်း ပေါင်းစပ်ပြေးဆွဲမှု ရထားတွဲမှတစ်ဆင့် ချုံချင့်သို့ ပို့ဆောင်မည်ဖြစ်ပါသည်။ အစဉ်အလာဆောင်ရွက်လာသည့် မြစ်ချောင်းပေါင်းစပ်ပြေးဆွဲမှုနှင့် နှိုင်းယှဉ်ပါက ကုန်းလမ်းရထားလမ်း ပေါင်းစပ်ပြေးဆွဲမှုသည် ချုံချင့်နှင့် မြန်မာနိုင်ငံတို့အကြား ပို့ဆောင်မှု အကွာအဝေးနှင့် ကုန်ကျစရိတ်တို့ကို များစွာလျော့နည်းလာစေပြီး အချိန် ရက် ၂၀ လျှော့ချနိုင်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့ မီဒီယာစင်တာ
သတင်းထောက် ။ ။ Yang Xuemei၊ Li Qixia၊ Sun Hongwei
ဘာသာပြန်။ ။ Yunnan Gateway

“မြန်မာ-တယ်ဟုန်-ချုံချင့် နယ်မြေဖြတ်ကျော် ကုန်းလမ်း-ရထားလမ်း ပေါင်းစပ်ပြေးဆွဲမှု ရထားတွဲ”ပြေးဆွဲ