ဝါးရက်လုပ်သည့်သမိုင်း နှစ်တစ်ရာကျော်ရှိ တရုတ်-မြန်မာနယ်စပ်ကျေးရွာလေးသည် အဘယ်ကြောင့် နာမည်ကြီးသနည်း

2023-11-02 17:01:26
အရင်းအမြစ်:临沧市融媒体中心

တရုတ်-မြန်မာနယ်စပ်ရှိ လင်ချန်းမြို့ လင်ရှန်းဇုန် ဖုန်ရှန်းရပ်ကွက်တွင် ကျုံစန်းကျေးရွာသည် ဝါးရက်လုပ်ငန်းသမိုင်းကြောင်း နှစ်ပေါင်း တစ်ရာကျော် ရှိပါသည်။ အဆိုပါနေရာတွင် တောင်တန်းများဖြင့် ဝန်းရံထားပြီး စိမ်းလန်းသော ဝါးပင်များသည် လေထဲတွင် ယိမ်းနွဲ့နေပါသည်။ ဝါးရက်လုပ်ကြခြင်းဖြင့် အလုပ်များလျက်ရှိသော လက်မှုပညာသည်များ၏ ယက်လုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို များပြားသော ခရီးသွားများသည် စိတ်ဝင်တစား ရှုစားကြရင်း ဓာတ်ပုံရိုက်ကြသည်။ ခရီးသွားတစ်ချို့သည် ဝါးဖြင့်ရက်လုပ်ထားသည့် လက်မှုပစ္စည်းမျိုးစုံကို အလုအယက်ဝယ်ယူကြသည်။

"ဝါးလုပ်ငန်းကို ဖော်ဆောင်ခြင်းက ကျေးလက်ဒေသကို လှပစေလာရုံသာမက ဝင်ငွေလည်း တိုးလာစေပါတယ်။ မနှစ်က ဝါးလုပ်ငန်းကနေ ကျွန်တော့်မိသားစုရဲ့ ဝင်ငွေက ယွမ် ၅၀၀၀၀ ရှိတယ်။" ကျုံစန်းဝါးရက်လုပ်ငန်းအနုပညာပြတိုက်တွင် ဝါးစိုက်တောင်သူ လီကျီးရှန်သည် ဝါးရက်လက်မှုပညာပစ္စည်းများကို ယက်လုပ်နေသည်။

"အခု ကျွန်ုပ်တို့ရဲ့ ကျုံစန်းဝါးရက်လုပ်ငန်းအနုပညာပြတိုက်ဟာ စက်ရုံတစ်ရုံကို တည်ဆောက်နေပါတယ်။ ဝါးရက်ခြင်းအတတ်ပညာကို လက်ဆင့်ကမ်းပြီး ချမ်းမြေ့သာယာတဲ့ နေထိုင်မှုဘဝကို ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပါတယ်" ဟု လီကျီးရှန်က ပြောကြားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ လင်ချန်းမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

ဝါးရက်လုပ်သည့်သမိုင်း နှစ်တစ်ရာကျော်ရှိ တရုတ်-မြန်မာနယ်စပ်ကျေးရွာလေးသည် အဘယ်ကြောင့် နာမည်ကြီးသနည်း