Special Yunnan Lifestyle | ယခုနှစ်ဆောင်းရာသီတွင် တီချင့်ပြည်နယ်ခွဲ၌ ပထမဆုံးအကြိမ် နှင်းကျလာ

2023-11-23 17:35:17
အရင်းအမြစ်:云南日报

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တီချင့် ဇန့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှန်ဂရီလာမြို့သည် ယခုနှစ်ဆောင်းရာသီတွင် ပထမဆုံးနှင်းကျလာခြင်းကို ကြိုဆိုခဲ့ပါသည်။

နှင်းပွင့်များ တစ်ဖွဲဖွဲ ကျနေရာ တူခက်ကျုံရှေးဟောင်းမြို့သည် ငွေရောင်အင်္ကျီ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပါတော့သည်။ ကြည်လင်သော နှင်းပွင့်များသည် အရောင်တောက်ပလျက်ရှိနေပါသည်။ တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ထားသော ခရီးသွားဧည့်သည်များသည် ဓာတ်ပုံရိုက်ရင်း မမျှော်လင့်ထားသော အံ့အားသင့်ဖွယ်ရာများနှင့် ကဗျာဆန်သော နှင်းကျခြင်းအငွေ့အသက်များကို ခံစားကြရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
သတင်းထောက် ။ ။ Chen Fei
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | ယခုနှစ်ဆောင်းရာသီတွင် တီချင့်ပြည်နယ်ခွဲ၌ ပထမဆုံးအကြိမ် နှင်းကျလာ