အောက်ချင်းငှက်များသည် သားသတ်လွတ်သာ စားကြသည် မဟုတ်ပေ

2023-12-05 18:27:36
အရင်းအမြစ်:德宏州融媒体中心

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် တရုတ်နိုင်ငံတွင် မျိုးစိတ် ၅ မျိုးရှိသော အောက်ချင်းငှက်များ တစ်ပြိုင်နက် ကျက်စားနေထိုင်သည့် တစ်ခုတည်းသော ဧရိယာဖြစ်ပေသည်။ ရင်ကျန်းခရိုင်၏ အပူပိုင်းမုတ်သုံသစ်တောတွင် အောက်ချင်းငှက်များ ဖြန့်ကျက်ရုံသာမက ၎င်းတို့၏ မွေးမြူထားသည့် ပုံမှန်အသိုက်များလည်းရှိသည်။

များသောအားဖြင့် ငှက်များသည် သစ်သီးများကို ကျက်စားသကဲ့သို့ အောက်ချင်းငှက်များသည်လည်း အသီးအနှံသာစားကြသည်ဟု လူတော်တော်များများက ထင်မြင်ယူဆကြပါသည်။ သို့သော် သတင်းထောက်များနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံဆရာများသည် နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာ၍ ဓာတ်ပုံရိုက်ကူးပြီးနောက် ယနေ့တွင် အောက်ချင်းငှက်များသည် သားသတ်လွတ်သာ စားကြသည် မဟုတ်ဟု စာဖတ်ပရိသတ်များအား သတင်းပေးလိုပါသည်။
အချိန်အများစုတွင် အောက်ချင်းငှက်များသည် အသီးအနှံများကို အဓိက အစာအဖြစ် စားကြပါသည်။ နှစ်စဉ် သားပေါက်သည့်ကာလတွင် အရွယ်ရောက်ပြီးသော အောက်ချင်းငှက်များသည် ငှက်ပေါက်ကလေးများ၏ အစာအာဟာရ တိုးပွားစေရန်အတွက် အခြားသော ငှက်များ၊ တွားသွားသတ္တဝါများ၊ အင်းဆက်ပိုးမွှားများ စသည်တို့ကို အမဲလိုက်ကြသည်။ အထူးသဖြင့် ငှက်ပေါက်ကလေးများသည် အသိုက်မှ မထွက်ခွာမီတွင် အောက်ချင်းငှက်မိဘများသည် ကလေးများအား နေ့တိုင်းနီးပါး အသားဟင်းများ ထည့်ပေးကြသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

အောက်ချင်းငှက်များသည် သားသတ်လွတ်သာ စားကြသည် မဟုတ်ပေ