နွေးထွေးသော ဆောင်းရာသီတွင် ယူနန်၏ ခရီးသွားလုပ်ငန်း ရေပန်းစားလျက်ရှိနေ

2023-12-19 19:07:30
အရင်းအမြစ်:云南日报

ညရောက်သည့်အခါတိုင်း စစ်ဆောင်ပန်းနား တိုင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့ရှိ မဲခေါင်မြစ် ကြယ်အလင်း ညစျေးတန်းသည် စည်ကားလာပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ ခရီးသွားများသည် ဤနေရာတွင် ဆုံဆည်းကာ လက်တိုအင်္ကျီနှင့်စကတ်ရှည်များ ဝတ်ဆင်ပြီး နွေးထွေးသောဆောင်းရာသီခရီးစဥ်ကို စတင်လိုက်ပါသည်။

ဤဆောင်းရာသီတွင် ခရီးသွားအများအပြားသည် ယူနန်ပြည်နယ်၏ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ဖူအော်မြို့နှင့် ဝင်စန်းပြည်နယ်ခွဲ စသည့်ဒေသများသို့ လာရောက်ကာ “ယူနန်လို့ ခေါ်တဲ့ ဘဝနေထိုင်မှုတစ်မျိုးရှိတယ်။ ။ နွေးထွေးသော ဆောင်းရာသီကယူနန်ခရီးစဥ်”ကို လက်တွေ့ကျကျ ခံစားကြပါသည်။ ယူနန်၏ နွေးထွေးသောဒေသအသီးသီးတို့၏ ခရီးသွားလုပ်ငန်းစီးပွားရေးကို မြှင့်တင်ပေးခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
သတင်းထောက် ။ ။ Hu Shuya
ဘာသာပြန် ။ ။ Zhang Yinglin

နွေးထွေးသော ဆောင်းရာသီတွင် ယူနန်၏ ခရီးသွားလုပ်ငန်း ရေပန်းစားလျက်ရှိနေ