ကိုယ်တိုင်ဖန်တီးသော တိုင်းရင်းသားအကပြဇာတ် “မွန်ရှန်ကိန့်ခန်း တိုင်တိုင်းရင်းသားလက်ဝှေ့သမား”စင်မြင့်တွင် တင်ဆက်ဖျော်ဖြေ

2023-12-26 18:58:36
အရင်းအမြစ်:耿马县融媒体中心

“မွန်ရှန်ကိန့်ခန်း တိုင်တိုင်းရင်းသားလက်ဝှေ့သမား” အကပြဇာတ်သည် လင်ချန်းမြို့ ကိန့်မဒေသတွင် တစ်မူထူးခြားသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် “အမျိုးသမီးလက်ဝှေ့” ဟူသော အဓိကဆောင်ပုဒ်ဖြင့် တရုတ်နိုင်ငံ ပြည်တွင်း ယူနန်တိုင်(ရှမ်း) တိုင်းရင်းသားများစုစည်းနေထိုင်ရာဒေသ၏ “တိုင်(ရှမ်း) တိုင်းရင်းသားလက်ဝှေ့”ကို ဖော်ကျူးထားသော ပထမဆုံး အကပြဇတ်ဖြစ်ပါသည်။

“မွန်ရှန်ကိန့်ခန်း”ဆိုသည်မှာ တိုင်(ရှမ်း) ဘာသာစကားတွင် ကိန့်မဟု ဘာသာပြန်ဆိုပြီး မြင်းဖြူ နှင့်အတူ ရွှေပြည်ရတနာကို လိုက်ရှာသည်ဟု အဓိပ္ပာယ်ရကြောင်း ကိန့်မခရိုင် ယဥ်ကျေးမှုပြတိုက် ညွှန်ကြားရေးမှူးချုပ်၊ ကိန့်မ တိုင်းရင်းသားအဆိုအကအနုပညာအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဝမ်ဖုန်းက ပြောကြားပါသည်။ အကပြဇာတ် “မွန်ရှန်ကိန့်ခန်း တိုင်တိုင်းရင်းသားလက်ဝှေ့သမား”သည် ကိန့်မခရိုင်မှ အမျိုးသမီး လက်ဝှေ့ပညာအမွေဆက်ခံသူသည် ငယ်စဉ်ကတည်းက ကျောင်းဆရာတစ်ဦးထံမှ လက်ဝှေ့ပညာကို သင်ယူခဲ့ပြီး ဆရာမ၏လမ်းညွှန်မှုအောက်တွင် အိပ်မက်ကို စွဲစွဲမြဲမြဲဖြစ်မြောက်ခဲ့ကာ နောက်ဆုံးတွင် သူမဆရာ၏ဆန္ဒနှင့်အညီ အမျိုးသမီးလက်ဝှေ့ပညာကို အမွေဆက်ခံခြင်းအကြောင်းကို ဖော်ကျူးထားပါသည်။ ၎င်းအကပြဇာတ်သည် “တိုင်တိုင်းရင်းသားလက်ဝှေ့သမား”၏ အကြောင်းကို အခြေခံ၍ ကိန့်မ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်နှင့် ဒေသထူးခြားသော တိုင်းရင်းသားယဥ်ကျေးမှုကို ပေါင်းစပ်ကာ အမျိုးသမီး လက်ဝှေ့ပညာ၊ တိုင်(ရှမ်း)လူမျိုး စက္ကူဖြတ်ခြင်း၊ တိုင်(ရှမ်း)လူမျိုး ပန်းထိုးခြင်း၊ တိုင်(ရှမ်း)လူမျိုး ယွန်းထည်၊ တိုင်(ရှမ်း)လူမျိုး စက္ကူပြုလုပ်ခြင်းနှင့် ဒေသထူးခြားသော တိုင်းရင်းသားယဥ်ကျေးမှုနှင့်အကများ ပါဝင်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ကိန့်မခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

ကိုယ်တိုင်ဖန်တီးသော တိုင်းရင်းသားအကပြဇာတ် “မွန်ရှန်ကိန့်ခန်း တိုင်တိုင်းရင်းသားလက်ဝှေ့သမား”စင်မြင့်တွင် တင်ဆက်ဖျော်ဖြေ