ဆောင်းရာသီတွင် ကျင်တုန်းခရိုင်ရှိ တိမ်ပင်လယ်ကြီး၏ အလှတရားကို ရှုစား

2023-12-28 20:53:01
အရင်းအမြစ်:云南日报

ဆောင်းရာသီတွင် ယူနန်ပြည်နယ် ဖူအော်မြို့ ကျင်တုန်းယီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဝူလျန်တောင်၊ အိုက်နောင်တောင်နှင့် ၎င်းတောင်နှစ်ခုအကြား၏ မြေပြန့်အရပ်၌ နံနက်ပိုင်းသည် တိမ်ပင်လယ်ကြီး၏အလှတရားမှာ အလွန် သာယာလှပလျက်ရှိနေပါသည်။ ယခုရာသီတွင် ကျင်တုန်းခရိုင်တွင် တိမ်ပင်လယ်ကြီးနှင့် နေထွက်ချိန်ကို ရှုစားရန် အကောင်းဆုံးရာသီ ဖြစ်ပေသည်။

လျန်တောင်နှင့် အိုက်နောင်တောင်တို့၏ တိမ်ပင်လယ်ကြီး ၏ ထူးခြားချက်မှာ ၎င်း၏ ထူထပ်ခြင်းနှင့် ပြန့်ကျဲမှုမရှိခြင်းဖြစ်ပြီး တိမ်များနှင့်မြူခိုးများ ကျသောအချိန်ရှည်လျားပါက ရာသီဥတူ ပို၍ သာယာလှပါသည်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းအချိန်၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ မတူညီသော ရှုခင်းများသည် အချိန်အခါအလိုက် ပြောင်းလဲသွားသည့်အတွက် ခရီးသွားဧည့်သည်များအား လန်းဆန်းစေပြီး ကျင်တုန်းခရိုင်၏ လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ် တိုးလာစေပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

ဆောင်းရာသီတွင် ကျင်တုန်းခရိုင်ရှိ တိမ်ပင်လယ်ကြီး၏ အလှတရားကို ရှုစား