နွေရာသီ မွမ်းမံသင်တန်း ၃ ခု ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် ဖွင့်လှစ်

2023-03-31 20:43:30
အရင်းအမြစ်:仰光中国文化中心

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုများ မြှင့်တင်ရန်နှင့် မြန်မာကျောင်းသားများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း နေထိုင်မှုဘဝ ပေါများကြွယ်ဝစေရန် “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှ သင်တန်း”၊“၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စတိုင် နေ့စဥ်လူမှုဘဝပန်းအလှဆင်သင်တန်း”နှင့် “၂၀၂၃ ခုနှစ် နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း”ဖွင့်လှစ်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပကြောင်း သိရပါသည်။

သင်တန်းသူသင်တန်းသားများ တရုတ်ယဉ်ကျေးမှုကို ပိုမို စိတ်ဝင်စားလာစေရန်၊ တရုတ်ယဉ်ကျေးမှုကို ပို၍ လေ့လာနိုင်ရန်နှင့် နက်ရှိုင်းသော တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာမှ တာဝန်ခံ Xu Ling က ပြောကြားပါသည်။

အဆိုပါအခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် တရုတ်ရိုးရာရာသီခွင် ယဉ်ကျေးမှုအကြောင်း လေ့လာပြီး စာကြည့်တိုက်သို့ သွားရောက်လည်ပတ်ကာ စာအုပ်ငှားရမ်းရန်အတွက် စာကြည့်တိုက်ကတ်ပြားကို လျှောက်ထားကြကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ။ ဘာသာပြန် - Yunnan gateway)

နွေရာသီ မွမ်းမံသင်တန်း ၃ ခု ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် ဖွင့်လှစ်