ကွေ့ကျိုးပြည်နယ်တောင်ပိုင်းတွင် တရုတ်ဧက ၈၀၀ကျော် Muhlenbergiaမြက်တွေ ပွင့်နေပြီး ခရီးသည်များက ပန်းပင်လယ်ထဲမှာ လှည့်လည်
2023-09-20 21:58:09
အရင်းအမြစ်:国际在线
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ် ကွေ့ကျိုးပြည်နယ်တောင်ပိုင်းရှိ ချန်စွင့်ခရိုင် စင်ချွမ်ရှုခင်းသာနေရာတွင် တရုတ်ဧက ၈၀၀ ကျော် ပန်းရောင်Muhlenbergiaမြက်များ၏ ပန်းပွင့်ချိန် အထွတ်အထိပ်သို့ရောက်နေပါသည်။ ဝေဝေဆာဆာ ပွင့်လန်းလာသော Muhlenbergia မြက်ခင်းက ပန်းရောင်ပန်းပင်လယ်ကဲ့သို့အင်မတန်လှပပါသည်။ ပန်းရောင်Muhlenbergiaမြက်က ရှုခင်းအပင်တစ်မျိုးဖြစ်ပြီး ၎င်း၏ပန်းပွင့်ချိန်သည် နှစ်စဉ်သြဂုတ်လမှ နိုဝင်ဘာလအထိဖြစ်သည်။