Special Yunnan Lifestyle | တရုတ်-မြန်မာ နယ်စပ် လုံချွမ်းခရိုင်သည် တိုင်(ရှမ်း)သက္ကရာဇ် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲ

2023-12-26 18:08:43
အရင်းအမြစ်:新华网 陇川县融媒体中心

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် “သာယာလှပသော လုံချွမ်း”တိုင်(ရှမ်း)သက္ကရာဇ် နှစ်သစ်ကူးပွဲတော်ကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင် တိုင်းရင်းသား ယဥ်ကျေးမှုရင်ပြင်တွင် ကျင်းပခဲ့ပါသည်။

ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော တိုင်လူမျိုးများသည် အဆိုပါရင်ပြင်၌ ဆုံဆည်းကာ သာယာသွက်လက်သော ဗုံတီးသံများနှင့်အတူ တိုင်(ရှမ်း)လူမျိုးများ၏ "ကဘန်ကွမ်း" ရိုးရာစုပေါင်းအကကို ကပြဖျော်ဖြေကြရာ ၎င်းရင်ပြင်သည် ရွှင်မြူးစရာပင်လယ်ကြီး ဖြစ်လာခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | တရုတ်-မြန်မာ နယ်စပ် လုံချွမ်းခရိုင်သည် တိုင်(ရှမ်း)သက္ကရာဇ် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲ