Special Yunnan Lifestyle | ဆောင်းရာသီတွင် “သင်္ကြန်ပွဲတော်”ကို ပျော်ပျော်ပါးပါး ဆင်နွှဲကြစို့

2024-01-17 19:12:15
အရင်းအမြစ်:云南日报

ဆောင်းရာသီတွင် ယူနန်ပြည်နယ်၏ သာယာနွေးထွေးသော ရာသီဥတုနှင့် ရေပန်းစားသော ခရီးသွားလုပ်ငန်းသည် “ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘဝတစ်မျိုးရှိပါတယ်”ဟု ဆိုလိုသကဲ့သို့ ထုတ်ဖော်ထားပါသည်။ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် ရေခဲပြင်နှင့် နှင်းကမ္ဘာရှိသကဲ့သို့ တောင်ပိုင်းဒေသတွင် သင်္ကြန်ပွဲတော် ရှိပါသည်။ စစ်ဆောင်ပန်းနား တိုင် တိုင်းရင်းသားပြည်နယ်ခွဲ တိုင် တိုင်းရင်းသားဥယျာဥ် ရှုခင်းသာရှိ သင်္ကြန်ရင်ပြင်ကြီးတွင် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားဧည့်သည်များသည် သင်္ကြန်ပွဲတော်ကို နေ့စဉ်တွေ့ကြုံခံစားရန် ဤနေရာတွင် လာရောက်စုရုံးကြသည်။

စစ်ဆောင်ပန်းနား တိုင် တိုင်းရင်းသားပြည်နယ်ခွဲ တိုင် တိုင်းရင်းသားဥယျာဥ် ရှုခင်းသာ၌ ခရီးသွားများသည် တိုင် တိုင်းရင်းသားကျေးရွာတွင် လည်ပတ်ကြည့်ရှုကြပါသည်။ ကျေးရွာရှိ ရှုခင်းသာများ ရှုစားရင်းနှင့် တိုင်းရင်းသား စားကောင်းသောက်ဖွယ်များအား မြည်းစမ်းသုံးဆောင်ကာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို လက်တွေ့ခံစားကြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | ဆောင်းရာသီတွင် “သင်္ကြန်ပွဲတော်”ကို ပျော်ပျော်ပါးပါး ဆင်နွှဲကြစို့