တရုတ်-မြန်မာနယ်စပ်တွင် နှစ်တစ်ထောင်သက်တမ်းရှိ စံကားဖြူပင်က ဧည့်သည်တော်များ ကြိုဆိုလျက်ရှိ
"ပန်းတွေပွင့်တဲ့အခါ လာလည်ကြပါဦး"ဟု သီဆိုနေသကဲ့သို့ ယူနန်ပြည်နယ် လင်ချန်းမြို့ ဖုန်ချင့်ခရိုင် ရှယ်စန်းမြို့နယ် ဝမ်ကျားကျိုက်ကျေးရွာတွင် ရှင်သန်သော "နှစ်တစ်ထောင်သက်တမ်းရှိ စံကားဖြူပင်"သည် နေရာအနှံ့အပြားမှ ခရီးသွားများအား လာရောက်လည်ပတ်ရန် ဖိတ်ခေါ်နေပါသည်။
ဝမ်ကျားကျိုက်ကျေးရွာသည် နှစ်တစ်ထောင်သက်တမ်းရှိ စံကားဖြူပင်ကြောင့် အမည်ကျော်ကြားပါသည်။ ရှေးဟောင်းသစ်ပင်အောက်ရှိ ရွာလေးတစ်ရွာသည် စံကားဖြူရနံ့နှင့် သင်းပျံ့နေပါသည်။ ဆောင်းဝင်သည်နှင့်အမျှ စံကားဖြူပန်းများ စတင်ပွင့်လာကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် ပန်းများ ပိုမိုပွင့်လာကာ စံကားဖြူပန်းများကို ရှုစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ယခုရက်ပိုင်းတွင် ဝမ်ကျားကျိုက်ကျေးရွာရှိ နှစ်တစ်ထောင်သက်တမ်းရှိ စံကားဖြူပင်သည် ၂၀၂၄ ခုနှစ်၏ ပထမအသုတ်ခရီးသွားအဖွဲ့ကို ကြိုဆိုခဲ့ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ဖုန်ချင့်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin