၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန် ဒီနေ့တွင် ယှဉ်ပြိုင်ခဲ့

2024-01-03 19:13:31
အရင်းအမြစ်:瑞丽市融媒体中心

ယခုနှစ်ပိုင်းများတွင် ကျင်းပသော တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန်ပြိုင်ပွဲသည် ရွှေလီ၊ မူဆယ်တို့အား “မေတ္တာပေါ်မေတ္တာထပ်”စေခဲ့ပါသည်။ “မာရသွန်တစ်ပွဲဖြင့် နှစ်နိုင်ငံတွင်ယှဉ်ပြိုင်”ဆိုသည့် တစ်မူထူးခြားသော လက်တွေ့ခံစားမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုများပြားသော အပြေးသမားများကို ဆွဲဆောင်နိုင်ခဲ့ပြီး ခြေလှမ်းများဖြင့် ဤချစ်ကြည်ရေးမြို့နှစ်မြို့တို့အကြားက နီးစပ်သော ဆက်ဆံရေးများကို တိုင်းထွာခဲ့ကြပါသည်။ ပြိုင်ပွဲကျင်းပလာခဲ့သည် ၇ နှစ်တာကာလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၃၃ ခုမှ အားကစားသမားနှင့် အပြေးဝါသနာရှင် ၅၃၀၀၀၀ ကျော်ကို လာရောက်ယှဉ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။

ယခုနှစ်၏ တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲသည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲကို ရွှေလီရှေးမြို့ဟောင်း ဖုန်းချင်ရင်ပြင်ကို စမှတ်အဖြစ် ထားရှိပါသည်။ ပြိုင်ပွဲလမ်းကြောင်းအတွင်း နာမည်ကျော်ကြားသော “နှစ်နိုင်ငံရွာတစ်ရွာ”ရှုခင်းသာဖြစ်သည့် ယင်ကျင်ရွာနှင့် မြန်မာနိုင်ငံ မန်ရှို့ရွာတို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ဤနေရာတွင် နိုင်ငံဖြတ်ကျော်နေထိုင်ကြသည့် တရုတ်-မြန်မာနှစ်နိုင်ငံ ရွာသူရွာသားများသည် တစ်လမ်းတည်းသွား၊ တစ်ရေတွင်းတည်းရေ အတူသောက်၊ တစ်ဈေးတည်းအတူသွားကြ၍ ဤသမိုင်းယဉ်ကျေးမှု အံ့ဖွယ်မြင်ကွင်းက ပြိုင်ပွဲများအတွက် တစ်မူထူးခြားသော ယဉ်ကျေးမှုခံစားချက်ကို ပေးနိုင်ပါသည်။

၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန် ဒီနေ့တွင် ယှဉ်ပြိုင်ခဲ့