တရုတ်နှင့်မြန်မာနယ်စပ်ဒေသက “ကြက်သေနာပတိ”

2018-02-12 17:42:19 |သတင်းအရင်းအမြစ် 云桥网

 

အချိန်ရှေ့သို့ စီးဆင်းသည်နှင့်အမျှ ကြက်မွေးခြံသည် ပဏာမအားဖြင့် ဆောက်လုပ်ပြီးလေပြီ၊ ကြက်မွေးမြူခြင်းအဆင်ပြေလာပြီး အပြတ်တင်လာပါပြီ။ ဤဖြစ်စဉ်ကို စကားတိုတိုဖြင့် ခြုံလွှမ်း ပြောပြနိုင်သော်လည်း တွန့်ပစ်ချင်းအတွက် (၄)နှစ်ကြာကာလအတွင်း ရက်ပေါင်း(၁၄ဝဝ)ကျော် နေ့ရော ညပါ အဆက်မပြတ် ကြိုပမ်းဆောင်ရွက်ခဲ့ရသည်။

ဤတွင်၊ ရွာသူရွာသားများသည် တွန့်ပစ်ချင်းအပေါ် အမြင်ပြောင်းလဲလာကြပါတော့သည်။ ယခင်က  “စိတ်မချရသောမြို့သားကလေး”သည် “စီးပွားရှာတတ်သောလူကလေး”ဖြစ်လာလေပြီ။ ထို့ကြောင့်၊ သူတို့သည် သူ့ထက်ငါဦးစွာ ဤလုပ်ငန်းထဲသို့ ပါဝင်လာကြသည်။“တရုတ်ကွန်မြူနစ်                                                 ပါတီဝင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့က ပြည်သူပြည်သားတွေအတွက်  အလုပ်နည်းနည်း လုပ်ပေးရမယ်။ ဒါ့အပြင်၊ ရွာသူရွာသားတွေက မြေကြီးနဲ့လူအားရှိတယ်။ ကျွန်တော်တို့က နည်းပညာ ရှိတယ်။ ကျွန်တော်တို့ အတူတူ အကျိုးခံစားနိုင်တယ်”ဟု တွန့်ပစ်ချင်းက ပြောသည်။ ထို့ကြောင့်၊ သူသည် “လုပ်ငန်းအခြေခံစခန်း+ရွာသူရွာသားပါဝင်ခြင်း”ပုံစံဖြင့် သမဝါယမအဖွဲ့ကို တည်ထောင် လာသည်။ ရွာသူရွာသားများက တွန့်ပစ်ချင်းထံမှ ကြက်ပေါက်စများ၊ ကြက်မွေးမြူရေးပစ္စည်းများကို  အကြွေးဖြင့်  ဝယ်သည်။ သူကမူ   ရွာသူရွာသားများထံမှ  လက်ငင်းဖြင့်   ပေါက်ဈေးထက် (၁၅%)မြင့်သောဈေးနှုန်းဖြင့် ကြီးလာသောကြက်များကို ပြန်ဝယ်ယူသည်။ ကြက်မွေးမြူရေး စီမံကိန်းရေးဆွဲချမှတ်ပေးသည်။

ကွင့်နုန်သည် တွန့်ပစ်ချင်း နောက်ပါးက လိုက်ပြီး စီးပွားရှာသည့် ပထမဦးဆုံးသူဖြစ်သည်၊  သူ လည်း ရွာအထဲမှ ကြက်အလွန်မွေးတတ်သူဖြစ်သည်။ သူက ပြောကြားသည်မှာ- “အရင်က ကြံနဲ့ လက်ဖက်ပင်စိုက်တယ်၊ တစ်နှစ်ဝင်ငွေ(၂ဝဝဝဝ)ပဲရှိတယ်။ အခုတော့ ကြက်ပဲမွေးနေတယ်၊ တစ်နှစ်ဝင်ငွေအများဆုံး(၇ဝဝဝဝ)-(၈ဝဝဝဝ)ရှိနိုင်တယ်။ မြန်မာပြည်က လူတွေလည်း ကြက်လာမှာကြ တယ်။”အဆွေအား သူ့အကြောင်းကို ဖော်ပြလိုသေးသည်မှာ သူသည် (၂)ထပ်တိုက် ဆောက်နေပါသည်။ ယခုနှစ်(၈)လပိုင်းတွင် သူသည် နေအိမ်သစ်ထဲ ဝင်နေနိုင်မည်။ “အိမ်သစ်ဆောက်တာ ယွမ်ငွေ(၂.၇) သိန်း ကုန်ကျတယ်။ အရင်တုန်းက တွေးတောင် မတွေးရဲဘူး။”ကွင့်နုန်သည် ဝမ်းသာအယ်လဲ ပြောကြားခဲ့ပါသည်။

တက်ညီလက်ညီလှော်ကြရင် ခရီးပိုရောက်သည်ဆိုသကဲ့သို့ ယခုအခါ တွန့်ပစ်ချင်းတို့  စီးပွားရေးလုပ်ငန်းသည် ကြီးပွားသည်ထက်ကြီးပွားလာပါသည်။ အရင်တုန်းက သူ့တစ်ယောက် တည်းဆောင်ရွက်ခြင်းမှ ယခုအချိန် သူငယ်ချင်း(၇)ယောက်အတူတူရင်းနှီးလုပ်ကိုင်နေကြသည်။ သူတို့ ကြက်အကြောင်းကို သိကျွမ်းသူလာလေများလေသည်။ ယခု တောင်ပေါ်ကကြက်ခြံတွင် သူတို့ကြက် ကောင်ရေ(၂ဝဝဝဝ)ကျော် မွေးထားပြီး ရွာသူရွာသားများက ကြက်ကောင်ရေ(၂ဝဝဝဝ) ကို  မွေးထားသည်။ ထို့ကြောင့်၊ သူတို့၏ကြက်သည် ကောင်ရေ(၅ဝဝဝဝ)ရှိလိမ့်မည်။

“ကျွန်တော်တို့ရဲ့ကြက်  ပိုမိုရောင်းကောင်းမှာကို  မျှော်လင့်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ လူ ပိုမိုများပြားလာစေချင်တယ်”ဟု တွန့်ပစ်ချင်းက ပြောကြားခဲ့ပါသည်။ သူ့ပန်းတိုင်သည် တကယ်ပင် ပြတ်သားရှင်းလင်း၏။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006