မတ်လချိန်ခါဝယ် မြို့နေရာအနှံ့ နွေဦးရာသီအငွေ့အသက်များ လွှမ်းမိုးနေလေပြီ။ ချယ်ရီပန်းများ ဖူးပွင့်နေသည်။ သွယ်ပျောင်းသော မိုးမခပင်များတွင် နူးညံ့စိမ်းလန်းသော အညှောက်များ ပေါက်နေပါ သည်။ သို့သော် လေအေးတိုက်ခတ်သည့်အခါတွင် အလွန်ချမ်းအေးပါသည်။ ကျွန်မသည် ငယ်ရွယ်စဉ်ကတည်းက နှင်းကျပုံများကို အလွန်ကြည့်လို ကြိုက်နှစ်သက်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဆီးနှင်းကျရန် စောင့်မျှော်လေ့ရှိသည်။ အခွင့်အခိုက်သင့်သည်မှာ ရာသီဥတုပြန်အေးသွားသောကြောင့် ကူမင်းမြို့နှင့် (၁၅၀)ကီလိုမီတာဝေးသောချောက်ကျီတောင်ကုန်းသည် ငွေရောင်ဝတ်စုံကို နောက်ထပ်ခြုံ လေတော့သည်။