ပုံဂံတွင် တောင်ပိုင်းအရသာကို လိုက်ရာ

2018-02-12 17:00:57 |သတင်းအရင်းအမြစ် 《吉祥》杂志

      မြန်မာနိုင်ငံတွင် အရွက်ဟင်းလျာ၊ အချဉ်ဟင်းဖြင့် ထမင်းနှင့် မဆလာဟင်းကို အဓိကစားသုံးကြသည်။ တရုတ်စားသောက်ဆိုင်ရှိသော်လည်း အရသာသိပ်မစစ်မှန် ဈေးနှုန်းလည်း မြင့်သည်။ ချဉ်စပ်အရသာရှိသော ထိုင်းဟင်းလည်းရှိသည်။ အနောက်တိုင်းအစားအသောက်လည်း များစွာရှိသည်။ များသောအားဖြင့် အဆင့်မြင့်ကော်ဖီဆိုင်နှင့်ဟိုတယ်များတွင်သာ ရှိပြီး ဈေးနှုန်းလည်း မြင့်သည်။ သို့သော် ပုံဂံတွင် မြန်မာဟင်းကို စားကြည့်ပါ။ တရုတ်လူမျိုးနှင့် အလွန်ကိုက်ညီပါသည်။ အထူးသဖြင့် တောင်ပိုင်းသားများ၏အရသာနှင့် ကိုက်ညီသည်။ ဈေးနှုန်းလည်း အလွန်ချိုသာသည်။ ကျွန်တော် မြန်မာငွေ(၁၀၀၀)ကျယ်ဖြင့် အဝစားခဲ့ဖူးသည်။ အလွန်စားကောင်းပါသည်။ ညောင်ဦးအဓိက လမ်းပေါ်တွင် မြန်မာစားသောက်ဆိုင်များစွာ ရှိသည်။ တရုတ်နှင့်အနောက်တိုင်းအစားအစာသည် ဈေးနှုန်းကြီးပြီး အရသာလည်းမစစ်မှန်ပါ။ "မြန်မာအရသာရှိသော အီတလီအစားအသောက်(ပြင်သစ်၊ ဂျာမနီအစားအသောက်စသည်)"တို့သာဖြစ်သည်။