နွေဦးရာသီတွင် မြန်နှုန်းမြင့်ရထား ပြေးဆွဲနေသည့်မြင်ကွင်း

2018-03-15 19:12:07 |သတင်းအရင်းအမြစ်

     စစ်ချွမ်းပြည်နယ် ကျန်ယုတ်မြို့တွင် ယခုရက်ပိုင်း မုန်ညင်းစိမ်းပန်းများ ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လျက်ရှိပြီး မြန်နှုန်းမြင့်ရထားက လှပသောပန်းမန်စိုက်ခင်းများအကြား ပြေးဆွဲသွားလာနေသောမြင်ကွင်းမှာ သာယာလှပသောပန်းချီကားတစ်ချပ်ကို တွေ့ရသကဲ့သို့ပင်ဖြစ်သည်။ ဖော်ပြပါဓာတ်ပုံမှာ ဖူရှင်မြန်နှုန်းမြင့်ရထားသည် ရှီအန်-ချိန်ဒူမြန်နှုန်းမြင့်ရထားလမ်းကြောင်းရှိ စစ်ချွမ်းကျန်ယုတ်အပိုင်းတွင် ပြေးဆွဲနေခြင်းဖြစ်သည်။ (ဆင်ဟွာသတင်းထောက် ရှဲယွီပင် ရိုက်ကူးသောပုံ)