ကူမင်းမှာ jacaranda ပန်းတွေ လှပဝေဆာစွာ ပွင့်နေပြီ

2018-05-02 18:08:49 |သတင်းအရင်းအမြစ် 云南日报

နွေဦးရာသီကုန်ဆုံးပြီး နွေအစကို ရောက်ရှိလာကာ နွေဦးမိုးများ မပြတ်တမ်း ရွာခဲ့သောကြောင့် jacaranda ပန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လာပြီဖြစ်သည်။ "လိုလားတောင့်တသော ခရမ်းပြာရောင်"ပန်းရှုခင်းမှာ ကူမင်းတွင် လှပတင့်တယ်သောအလှတရားပင် ဖြစ်ပါသည်။

ကူမင်းမြို့ရှိ အလှပဆုံးသော jacaranda ပန်းခင်းလမ်းကြောင်း နှစ်ဖက်တွင် jacaranda ပန်းပင်(၂၀၀)ကျော်သည် အစီအရီ ပွင့်ဖူးလျက်ရှိသည်။ ခရမ်းပြာရာင်ပန်းများ တစ်စည်း ပြီးတစ်စည်း အထပ်လိုက်အထပ်လိုက် ယိမ်းနွဲ့လှုပ်ရှားနေကြသည်။ လေညှင်းတိုက်ခတ်စဉ်တွင် ခရမ်းပြာရောင်ပန်းများ မိုးရွာသကဲ့သို့ပင် ကြွေကျလာသည်။ အဝေးမှ ကြည့်သည်ဖြစ်စေ၊ အနီးမှကြည့်သည်ဖြစ်စေ ခေါင်းမော့ကြည့်သည်ဖြစ်စေ၊ ခေါင်းငုံ့ကြည့်သည်ဖြစ်စေ ကြည်လင်သော အလှတရားများကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ Jacaranda ပန်းခင်းလမ်းတလျောက်တွင် လမ်းလျှောက်ကြည့်မည်ဆိုပါက အိပ်မက်ထဲသို့ ရောက်နေသလို ခံစားရနေမည်ဖြစ်သည်။