ယူနန်တီချင့်သည် "ကမ္ဘာ့ရှန်ဂရီလာ" အမည်ကျော်ကြားမှုဖြင့် ကျေးလက်ခရီးသွားလာရေး အားသွန်ခွန်စိုက်ဖွံ့ဖြိုးတိုးတက်လျက်ရှိ

2018-06-28 18:33:46 |သတင်းအရင်းအမြစ် 新华网

တီချင့်သည် ယူနန်ပြည်နယ်အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ရွှန်းလဲ့တင့်ဆန်းသော သဘာဝအလှတရားနှင့် တိုင်းရင်းသားယဉ်ကျေးမှု ကြောင့်လည်းကောင်း၊ "ကမ္ဘာ့ရှန်ဂရီလာ" အမည်ကျော်ကြားမှုကြောင့် လည်းကောင်း ခရီးသွားလာရေးလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာလျက်ရှိပါသည်။

ကောင်းကင်ထက်မှ မြင်ရသော ကျေးရွာမြင်ကွင်း။

ယခုရက်ပိုင်းက သတင်းထောက်သည် ရှန်ဂရီလာမြို့နှင့် ၃၉ ကီလိုမီတာ ကွာဝေးသော ရှောင်ကျုံတျန်မြို့နယ် ဟော်ဖင်ကျေးရွာကို အရောက်သွားခဲ့သည်။ မြက်ခင်းပြင်၊ နွားနှင့်ဆိတ်၊ ကျေးရွာနှင့် ကောင်းကင်ပြာ၊ တိမ်ဖြူတို့သည် သာယာလှပသော ဆီဆေးပန်းချီကားတစ်ချပ်အလား ဖြစ်နေပါသည်။

ကောင်းကင်မြင့်မှ သာယာလှပသော ဟော်ဖင်ကျေးရွာကို မြင်တွေ့ရစဉ်။

"ကျွန်တော် မြို့ထဲမှာ အလုပ် လုပ်နေတယ်။ အိမ်ကမြေမှာလည်း စပါး၊ အာလူးတွေ စိုက်နေပါတယ်။"ဟု ရှောင်ကျုံတျန်မြို့နယ် ဟော်ဖင်ကျေးရွာ မှ ရွာသား ဒေါဂျီဖေက သတင်းထောက်အား ပြောပြသည်။ ရှန်ဂရီလာ သည် ယခုလက်ရှိတွင် ကျေးရွာခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လျက်ရှိနေပါသည်။ ဒေါဂျီဖေသည် ကျေးရွာအပန်ဖြေစခန်း တည်ထောင် ရန် စီစဉ်နေသည်။ ခရီးသွားလာရေးလုပ်ငန်းဖြင့် ၀င်ငွေ တိုးပွားလျက် ရှိကာ ချမ်းသာသုခနှင့်ပြည့်စုံသောနေထိုင်မှုဘ၀ကို ကြိုးစားရရှိပါသည်။

မြက်ခင်းပြင်တွင် အရိုငိးပန်းများဖြင့် လှပနေသည်။

ယခုနှစ်ပိုင်း တီချင့်ပြည်နယ်ခွဲသည် အပန်းဖြေခရီးသွားလုပ်ငန်း၊ ကျေးရွာခရီးသွားလာရေးလုပ်ငန်း စသည့် ထွန်းသစ်စခရီးသွားလုပ်ငန်း မှာ တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပါကြောင်း၊ တီချင့်ရှန်ဂရီလာ မြို့သည် ထိပ်တန်းခရီးစဉ်များကို စုဝေးသောနေရာဖြစ်ပြီး ပြည်နယ်များအကြား ထိပ်တန်းခရီးစဉ်နှစ်ခုကို ကြော်ငြာမိတ်ဆက် လိုက်ကာ ပြည်နယ်အတွင်း ထိပ်တန်းခရီးစဉ်နှစ်ခုကို စီမံဖော်ဆောင် လျက်ရှိကြောင်း တီချင့်ပြည်နယ်ခွဲ ခရီးသွားလာရေးဖွံ့ဖြိုးမှုကော်မတီ ဌာနမှူး လူကျီချွန်က ပြောကြားပါသည်။

ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူအောက်တွင် မြက်ခင်းပြင်နှင့် အရိုငိးပန်းများ တင့်တယ်လှပလျက်ရှိနေသည်။

တီချင့်ပြည်နယ်ခွဲတွင် A ငါးလုံးအဆင့် ခရီးသွားရှုခင်းဇုန်(၁)ခု၊ A လေးလုံးအဆင့် ခရီးသွားရှုခင်းဇုန်(၅)ခု အပါအဝင် A အဆင့် ခရီးသွား ရှုခင်းဇုန်(၁၅)ခု၊ ကြယ်အဆင့်ဟိုတယ်(၉၂)ခု၊ ခရီးသွားလာရေးလုပ်ငန်း (၄၆)ခု၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူဦးရေ နှစ်သောင်းနီးပါးရှိကြောင်း၊ "(၁၂) ကြိမ်မြောက် ငါးနှစ်စီမံကိန်း"ဖောင်ဆောင်သည့်ကာလအတွင်း တီချင့်ပြည်နယ်ခွဲသည် ပြည်တွင်းပြည်ပခရီးသည်ဦးရေ(၆၂၉.၄၂၈)သိန်း ကို ကြိုဆိုနိုင်ခဲ့ပြီး "(၁၁) ကြိမ်မြောက် ငါးနှစ်စီမံကိန်း"ဖောင်ဆောင်သည့် ကာလထက် (၁၅၀)% မြင့်တက်လာပါကြောင်း၊ ခရီးသွားလာရေး စုစုပေါင်းဝင်ငွေမှာ တရုတ်ယွမ် (၄၂.၀၇၃) ဘီလီယံရရှိပြီး "(၁၁) ကြိမ်မြောက် ငါးနှစ်စီမံကိန်း"ဖောင်ဆောင်သည့် ကာလထက် (၁၇၃)% တိုးမြှင့်လာပါကြောင်း၊ ခရီးသွားလာရေးဝင်ငွေသည် တစ်ပြည်နယ်လုံး၏ GDPတွင် (၁၆.၈)% ပါဝင်ကြောင်း သိရပါသည်။

(ဆင်ဟွာသတင်းမှ သတင်းထောက်--Pu Fan)