ယူနန်စစ်ဆောင်ပန်းနားတွင် ကမ္ဘာ့ဆင်များပွဲတော် ကျင်းပ

2018-08-13 17:20:45 |သတင်းအရင်းအမြစ် 新华网

သြဂုတ်လ(၁၂)ရက်နေ့က ဆင်များသည် တောရိုင်းဆင်လျှိုမြောင်တွင် သစ်သီးဝလံများကို သုံးဆောင်နေကြသည်။ ထိုနေ့သည် ကမ္ဘာ့ဆင်များပွဲတော်နေ့ဖြစ်ပြီး ယူနန်ပြည်နယ်စစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ တောရိုင်းဆင်လျှိုမြောင်ရှုခင်းသာစခန်းတွင် ဆင်များစီတန်း လှည့်လည်ခြင်း၊ သစ်သီးဝလံများဖြင့် ဆင်များအားဧည့်ခံကျွေးမွေးခြင်းနှင့် “ယမ်ရိုး”ဟုခေါ်သော ဆင်မလေးအား မွေးနေ့ပွဲကျင်းပပေးကာ ဆုတောင်းမှုပြုခြင်း စသည့်အစီအစဉ်များ ပြုလုပ် ကျင်းပခဲ့သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.