မတ်လမှာ ယူနန်ကျောက်ထုံးဒေသကို ဆီးနှင်းပွင့်တွေ လွင့်ပျံနေတဲ့ တရုတ်ပြည်ဥတ္တရအရပ်ကရှုခင်း လှပလို့ တင့်တယ်နေ

2018-03-09 18:37:27 |သတင်းအရင်းအမြစ် 春城晚报

နွေဦးမတ်လဟာ ပန်းမန် ဝေဝေဆာဆာ ပွင့်တဲ့ရာသီပဲဖြစ်ရမယ်။ ဒါပေမယ့် ကျောက် ထုံးမြို့ ကျောက်ရန်မြို့နယ်၊ ချောင်ကျာခရိုင်မှာ မတ်လ(၇)ရက်နေ့က လေအေးအေး တိုက် လာတယ်။ ဆီနှင်းပွင့်တွေ လွင့်ပျံလာတယ်။ ဖွေးဖွေးဖြူနေတဲ့ အဖြူရောင်ဆီးနှင်းတွေ လွှမ်းခြုံထားပြီး သာယာလှပတဲ့ပန်းချီကားလို ဒေသအသီးသီးမှ ခရီးသည်တွေကို စွဲလမ်းနစ်မွန်းသွားစေတယ်။
ကျောက်ရန်မြို့နယ်
ဆီးနှင်းဖုံးလွှမ်းနေသော တာ့ရှန်ပေါင်သဘာဝဘေးမဲ့ထိန်းသိမ်းရေးဇုန်

ယူနန်တာ့ရှန်ပေါင် လည်ပင်းမည်းကြိုးကြာ (black-necked crane) အမျိုးသားသဘာဝဘေးမဲ့ ထိန်းသိမ်းရေးဇုန်မှာ မတ်လ(၇)ရက်နေ့က ဆီးနှင်း ခပ်ကျဲကျဲ စကျလာတယ်။ ၂၀၁၈ ခုနှစ် နွေဦးပွဲတော်အပြီး ဒေသမှာ ပထမဆုံးအကြိမ် နှင်းကျတာဖြစ်တယ်။ အရင်နေ့ည ၈ နာရီကစပြီး ဆီးနှင်း တဖွဲဖွဲ ကျနေလျက်ရှိတာမှာ နောက်တစ်နေ့ နံနက် ၆ နာရီမှ နှင်းကျတာ ရပ်ခဲ့တာကြောင့် မြေပြင်ပေါ်မှာဆီးနှင်းတွေက ၃ စင်တီမီတာမှ ၄ စင်တီမီတာ အထူရှိတယ်။ “နိမိတ်သြဘာကောင်းတယ်။ ဆီးနှင်းကျရင် သီးထွက်ကောင်းတဲ့နှစ် ဖြစ်နိုင်လိမ့်မယ်”လို့ လူတွေက ပြောလေ့ရှိတယ်။ နှင်းကျပြီး နေသာတဲ့ တာ့ရှန်ပေါင်ဟာ အလွန်ပဲ ကြော့ရှင်းတင့်တယ်လှပလို့နေပါတယ်။ လည်ပင်းမည်းကြိုးကြာတွေ အုပ်စုအလိုက် ဆီးနှင်းတွေ လွှမ်းခြုံထားတဲ့မြေပြင်ပေါ်မှာ လွတ်လွတ်လပ်လပ် အစာရှာရင်း မြူးထူးစွာ ကစားကြတယ်။ လည်ပင်းမည်းကြိုးကြာတွေက တေးသီဆိုကပြနေသလို ကုန်းပြင်မြင့်မြင်ကွင်းကို တွေ့ရှိနိုင်ပါတယ်။

ဒီတစ်ခါ နှင်းကျတာကြောင့် တာ့ရှန်ပေါင်မှာ လယ်ယာစိုက်ပျိုးရေးသီးနှံနဲ့ လမ်းပန်းဆက်သွယ်ရေး မထိခိုက်ပဲ စစိုက်ခဲ့တဲ့ အာလူးနဲ့ အုတ်ဂျုံစတဲ့ သီးနှံရဲ့ ရှင်သန်မှုအဖို့ အကျိုးရှိစေပါတယ်။

ဒီဒေသမှာ မတ်လ ၈ ရက်နေ့က နေသာနေပါပြီ။ ဆီးနှင်းတွေ အရည်ပျော်နေပြီ။ ရာသီဥတု ပြန်နွေးလာနေပါပြီ။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006