ချောင်ကျာခရိုင်
နေရာအနှံ့မှာ ဆီးနှင်းကျလာတာနဲ့ ရှုခင်းသာသာ ရှုစားနိုင်
နွေဦးပွဲတော်အပြီး ချောင်ကျာခရိုင်အတွင်း ပန်းပေါင်းစုံ ဝေဝေဆာဆာ ပွင့်ဖူးနေလျက်ရှိပါတယ်။ နေရာအနှံ့မှာ လန်းဆန်းဝေဆာလှတယ်။ နွေဦးသစ်စ သာယာကြည်နူးလှတဲ့ မြင်ကွင်းကို တွေ့မြင်နိုင်တယ်။
နွေဦးသစ်စ မတ်လ ၇ ရက်နေ့က ဆီးနှင်းတွေ မထင်မှတ်ဘဲနဲ့ ကျလာတယ်။ အရင်နေ့ညက ချောင်ကျာခရိုင်ရှိတဲ့ ကုန်းပြင်မြင့်ဒေသတွေမှာ ၂၀၁၈ ခုနှစ် နွေဦးပွဲတော်အပြီး ပထမဆုံးအကြိမ် ဆီးနှင်းကျတာဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ထွက်ပြူစနေမင်းဟာ ဆီးနှင်းတွေကြား ထိုးဖောက်နေတဲ့မြင်ကွင်း တကယ်ကို လှနေတာပါပဲ။
(နွေဦးမြို့ညနေသတင်းစာ)