ဂျပန် Kobe နှင့် တရုတ်နန်ကျင်း နှလုံးသားချင်းချိတ်ဆက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နန်ကျင်းသတ်ဖြတ်မှုတွင် ဒုက္ခရောက်အသက်ဆုံးရှုံးခံခဲ့သော တရုတ်လူမျိုးများအတွက် ပန်းများဖြင့် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည်။
သြဂုတ်လ(၁၅)ရက်နေ့သည် တရုတ်နိုင်ငံမှ ဂျပန်ဖက်စစ်ခုခံတိုက်ခိုက်ခြင်းအောင်မြင်မှုရရှိသော (၇၃)နှစ်မြောက် အမှတ်တရနေ့ ဖြစ်သည်။ ထိုနေ့တွင် ဂျပန်ဖက်စစ်က နန်ကျင်းသတ်ဖြတ်မှုအတွင်း ဒုက္ခရောက် အသက်ဆုံးခံခဲ့သောတရုတ်လူမျိုးများအမှတ်တရပြတိုက်တွင် “တရုတ်နိုင်ငံတော် အလံတင်ခြင်းနှင့် ငြိမ်းချမ်းရေးခေါင်းလောင်းထိုးခြင်း”အခမ်းအနားကို ကျင်းပကြသည်။ ဂျပန်၊ အမေရိကနှင့် ထိုင်း စသည့်နိုင်ငံများမှပုဂ္ဂိုလ်များသည် အဆိုပါအမှတ်တရအခမ်းအနားသို့ တက်ရောက်ပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.