ယူနန်ရှီလင်။ ။ Pepino သခွားချိုသီးကုန်ထုတ်လုပ်ငန်းသည် ဆင်းရဲမွဲတေမှုလျှော့ချနိုင်ပြီး ချမ်းသာကြွယ်ဝရေးကို ကူညီပေးနေ

2019-12-03 19:07:12 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ယူနန်ပြည်နယ်ရှီလင်ရီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှီးကျေးခုပ်မြို့နယ် လုဟွားကျေးရွာ Pepino သခွားချိုသီးအပင်ပျိုးထောင်ရေးစင်တာတွင် ဒေသခံများသည် Pepino သခွားချိုသီးပင်ကို ပျိုးထောင်နေစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ကျန်းဝင်ရောင့်က ဓာတ်ပုံရိုက်သည်။

၁၉၉၆ ခုနှစ်တွင် ရှီးကျေးခုပ်မြို့နယ်သည် Pepino သခွားချိုသီးစိုက်ပျိုးရေးကို ပထမဆုံးအကြိမ်သယ်ဆောင်လာခဲ့ပြီး မျိုးစိတ်ပြုပြင်ခြင်း၊ အပင်ပျိုးထောင်ခြင်း၊ စိုက်ပျိုးလယ်ထွန်ခြင်းစသည့် အစီအစဉ်များကို နှစ်ပေါင်းများစွာ ရှာဖွေလေ့လာခြင်းဖြင့် ဒေသနေရာနှင့်ကိုက်ညီနိုင်သော စိုက်ပျိုးရေးအစီအစဉ်ကို အောင်မြင်စွာ ဖန်တီးထားပါသည်။ လက်ရှိတွင် ရှီးကျေးခုပ်မြို့နယ်သည် Pepino သခွားချိုသီးစိုက်ခင်းတရုတ်ဧက ၇.၂ သောင်းကျော်မှ ထွက်ကုန်များသည် ပေကျင်း၊ ရှန်ဟိုင်၊ ရှိန်းကျင့်၊ ဟောင်ကောင်စသည့်နေရာများသို့ ရောင်းချသောကြောင့် ဒေသခံများအတွက် “ဆင်းရဲမွဲတေမှုလျှော့ချနိုင်သော အသီး” “ချမ်းသာကြွယ်ဝသော အသီး”ဖြစ်လာပါတော့သည်။

သတင်းထောက်။ ။လိုက်ရှန့်တုန်း၊ ကျန်းဝင်ရောင့် (ဆင်ဟွာသတင်းဌာန)