ယူနန်ရှီလင်။ ။ Pepino သခွားချိုသီးကုန်ထုတ်လုပ်ငန်းသည် ဆင်းရဲမွဲတေမှုလျှော့ချနိုင်ပြီး ချမ်းသာကြွယ်ဝရေးကို ကူညီပေးနေ

2019-12-03 19:07:12 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ယူနန်ပြည်နယ် ရှီလင်ရီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှီးကျေးခုပ်မြို့နယ် လုဟွားကျေးရွာ ထူကော်ထူလယ်ယာစိုက်ပျိုးရေးသမဝါယမတွင် ဝန်ထမ်းများသည် Pepino သခွားချိုသီးများ ရွေးချယ်နေစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းက ဓာတ်ပုံရိုက်သည်။

လတ်တလောနှစ်ပိုင်းတွင် ယူနန်ပြည်နယ် ရှီလင်ရီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှီးကျေးခုပ်မြို့နယ်သည် Pepino သခွားချိုသီးကုန်ထုတ်လုပ်ငန်းကို ဆင်းရဲမွဲတေမှုလျှော့ချပြီး ချမ်းသာကြွယ်ဝရေးကို ကူညီပေးနိုင်သော လုပ်ငန်းအဖြစ် အဓိကလုပ်ဆောင်လာရာ ၂၀၁၉ ခုနှစ်တွင် တစ်မြို့နယ်လုံး၌ ဆင်းရဲသော မိသားစု ၆၇ အိမ်သည် Pepino သခွားချိုသီးစိုက်ခင်းတရုတ်ဧက ၄၄၆.၄ စိုက်ပျိုးပြီး ပျှမ်းမျှဝင်ငွေတရုတ်ယွမ် ၀.၃၈ သိန်းခန့်အပိုရရှိကြောင်း သတင်းအရသိရပါသည်။