ယဉ်ကျေးမှု ထွန်းတောက်ရွှန်းတင့်လျက်ရှိခြင်း၊ လက်တွဲကာ စိတ်ချင်းနီးစပ်စေခြင်း -- တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ် အစီအစဉ်မှတ်တမ်း

2019-01-22 18:59:33 |သတင်းအရင်းအမြစ် 云桥网

ဆန်းတင့်ဝေဆာလှသော အနုပညာတင်ဆက်မှု၊ နက်ရှိုင်းပြီး အသက်ဝင်သော ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဓာတ်ပုံပြပွဲ၊ ချစ်ခင်ရင်းနှီးသော မီဒီယာဆွေးနွေးပွဲ၊ စိတ်ဝင်စားဖွယ်ကောင်းသော ဒြပ်မဲ့ယဉ်ကျေးမှုပစ္စည်းပြပွဲ၊ အရသာကောင်းမွန်သော တရုတ်အစားအစာ စသည့်အစီအစဉ်များဖြင့် ဇန်န၀ါရီလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ မြန်မာနိုင်ငံ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တွင် နက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ပြသည့်လှုပ်ရှားမှုများစွာကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် ပြည့်လျှံသော တရုတ်ယဉ်ကျေးမှုအနှစ်သာရကို တွေ့မြင်ရပါသည်။

အဆိုပါ တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်အစီအစဉ်များသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တို့ကဦးစီးပြီး ယူနန်ပြည်နယ်ပြန်ကြားရေးဦးစီးဌာနမှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်သည်။ “ကောင်းမွန်သောနေထိုင်မှုဘဝဖော်ဆောင်ခြင်း -- တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၏ အောင်မြင်မှု” ပြပွဲ၊ တရုတ်ရုပ်ရှင်ဇာတ်ကားပြပွဲ၊ တရုတ်-မြန်မာမီဒီယာ များနှစ်သစ်ကူးလက်ဖက်ရည်ကြမ်းစကားဝိုင်း၊ “တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” အနုပညာတင်ဆက်ဖျော်ဖြေပွဲ၊ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနုပညာပစ္စည်းပြပွဲ စသည့် ဆန်းတင့်ဝေဆာလှသော ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုများသည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးအား တရုတ်နိုင်ငံကို သိရှိစေရန်အတွက်လည်းကောင်း၊ နှစ်သစ်ကူးပွဲတော်အခါသမယတွင် ပျော်ရွှင်မှုကို မျှဝေပေးရန်လည်းကောင်း၊ တရုတ်ပြည်သူပြည်သားများ၏ လေးနက်သော ချစ်ကြည်ရေးကို ခံစားနိုင်စေရန်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

ယဉ်ကျးမှုဖလှယ်ရေး ထွန်းတောက်ရွှန်းတင့်လျက်ရှိခြင်း

ယဉ်ကျေးမှုဖလှယ်ရေးတွင် အပြန်အလှန် အတုယူပြီး ယနေ့ခေတ် တရုတ်နိုင်ငံကို ဖော်ပြထားသည့် အဆိုပါ တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်သည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးအတွက် တရုတ်နိုင်ငံကို ပိုမိုသိရှိနားလည်နိုင်မည့် ပြတင်းပေါက်တစ်ချပ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နှစ်နိုင်ငံဖလှယ်ရေးအတွက်လည်း ပလက်ဖောင်းကို ထူထောင်လိုက်ခြင်း ဖြစ်ပါသည်။

“ကောင်းမွန်သောနေထိုင်မှုဘဝဖော်ဆောင်ခြင်း -- တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၏ အောင်မြင်မှု”ပြပွဲသည် ယခုအကြိမ်ယဉ်ကျေးမှုသီတင်းပတ်အတွင်း အရေးပါသောလှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး မန္တလေး၊ ရန်ကုန်၊ နေပြည်တော် စသည့်မြို့ပြများတွင် ကျင်းပခဲ့သည်။ ၎င်းပြပွဲတွင် အသက်ဝင်သော ဓာတ်ပုံနှင့် အသေးစိတ်ဖော်ပြထားသော အချက်အလက်များဖြင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းစဉ်အပေါ် အရေးပါသောလမ်းညွှန်ချက်များ၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အကြောင်းအရာ၊ ကမ္ဘာလုံးဆိုင်ရာ တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုပပျောက်ရေး အတွေ့အကြုံများ ဖော်ပြထားကာ မြန်မာနိုင်ငံပရိသတ်များက ၎င်းအပေါ် အလွန်စိတ်ဝင်စားဂရုစိုက်ကြပါသည်။ “ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အတွေ့အကြုံများကို လေ့လာဖို့ မျှော်လင့်ပါတယ်။” မြန်မာနိုင်ငံပရိသတ်များက ပြောပြပါသည်။

မန္တလေးအခြေစိုက် ရှင်းကျီးတရုတ်စာအုပ်ဆိုင်တွင် တရုတ်ပင်မခေါင်းစဉ်ဖြင့် နှစ်သစ်ကူးစာအုပ်အရောင်းပြပွဲကို ပြသရောင်းချသည်။ ထို့နည်းအတူ မန္တလေးတွင် တရုတ်အစားအစာယဉ်ကျေးမှုခံစားသည့်လှုပ်ရှားမှုနှင့် တရုတ်-မြန်မာယဉ်ကျေးမှု ဖလှယ်ရေးကို ပြုလုပ်သည်။ လာရောက်အားပေးသော မြန်မာနိုင်ငံပြည်သူပြည်သား များသည် ယူနန်စားကောင်းသောက်ဖွယ်များ သုံးဆောင်ရင်း တရုတ်-မြန်မာနှစ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနည်းပညာရေး၊ ယဉ်ကျေးမှု၊ စီးပွားကုန်သွယ်ရေး စသည့်နယ်ပယ်များစွာတွင် ရရှိခဲ့သောအောင်မြင်မှုများကို လေ့လာသိရှိကြရသည်။ နေပြည်တော်တွင် တရုတ်ရုပ်ရှင်ဇာတ်ကားပြပွဲကို ကျင်းပရာ တီဗွီဇာတ်လမ်း 《မင်းက ကျွန်တော်ရဲ့မျက်စိ》ကို ပထမဆုံးအကြိမ်အဖြစ် ပြသသည်။

အဆိုပါ တရုတ်-မြန်မာ ယဉ်ကျေးမှုသီတင်းပတ်သည် ဆန်းတင့်ဝေဆာလှပါသည်။ စာအုပ်၊ ပြပွဲနှင့် တီဗွီဇာတ်လမ်းအပြင် မျက်မြင်လေ့လာနိုင်သည့်အခွင့်အရေးနှင့် လေးနက်သောဖလှယ်ရေးပလက်ဖောင်းကိုလည်း ထောက်ပံ့ပေးသည်။ ရန်ကုန်မြို့တွင် တည်ရှိသော ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည်လည်း အဆိုပါတရုတ်-မြန်မာ ယဉ်ကျေးမှုသီတင်းပတ်အတွင်း အလွန်စည်ကားလျက်ရှိပါသည်။ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုပစ္စည်းပြပွဲသည် မြန်မာနိုင်ငံပြည်သူများစွာအား ဆွဲဆောင်နိုင်ခဲ့သည်။

လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရာတွင် အနာဂတ်ကို အတူတကွ ဖန်တီးပေးခြင်း သည် တရုတ်-မြန်မာနှစ်နိုင်ငံအလွှာပေါင်းစုံ၏ သဘောတူညီချက်ဖြစ်သည်။ ဇန်န၀ါရီလ(၁၉)ရက်နေ့က ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ “ယူနန်လက်ဖက်ရည် ရေ နွေးကြမ်းကို အတူသုံးဆောင်ခံစားရင်း တရုတ်-မြန်မာသံယောဇဉ်ကို အတူဖော်ပြ” ဟူသော အဓိကဆောင်ပုဒ်ဖြင့် တရုတ်-မြန်မာနွေဦးနှစ်သစ်ကူးလက်ဖက်ရည်ကြမ်း စကားဝိုင်းကို ဦးစီးကျင်းပခဲ့သည်။ တချိန်တည်းတွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့နှင့် Myanmar News Network Company Limited တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ယူနန်နေ့စဉ်သတင်းစာအဖွဲ့၏ မြန်မာစာ Facebook အကောင့် “ရှုဖွယ်စုံလင် ယူနန်တခွင်” လည်း အွန်လိုင်းစတင်ခြင်း၊ ယူနန်ပုံနှိပ်ထုတ်ဝေရေးအုပ်စု၏ တရုတ်-မြန်မာအဘိဓာန် စာအုပ် ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိခြင်း အခမ်းအနားနှင့် ယူနန်ပြည်သူ့စာပေထုတ်ဝေရေး၏ တရုတ်- မြန်မာယဉ်ကျေးမှု အပြန်အလှန် ဘာသာပြန်စင်တာ ဆိုင်းဘုတ်တင်အခမ်းအနား စသည်တို့ကိုလည်း လက်ဖက်ရည်ကြမ်း စကားဝိုင်းတွင် ကျင်းပသည်။