ယဉ်ကျေးမှု ထွန်းတောက်ရွှန်းတင့်လျက်ရှိခြင်း၊ လက်တွဲကာ စိတ်ချင်းနီးစပ်စေခြင်း -- တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ် အစီအစဉ်မှတ်တမ်း

2019-01-22 18:59:33 |သတင်းအရင်းအမြစ် 云桥网

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ချစ်ခင်ရင်းနှီးပြီး လက်တွဲကာ စိတ်ချင်းနီးစပ်စေခြင်း --

ယဉ်ကျေးမှုနှင့်အိပ်မက်တို့ ပေါင်းစပ်ပြီး၊ ပြည်သူချင်း ပိုမိုချစ်ခင်ရင်းနှီးကြသည်။ ယခုအကြိမ် တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်သည် နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းလာသော နှစ်နိုင်ငံပေါက်ဖော်ချစ်ကြည်ရေးအတွက် အကောင်းဆုံး သက်သေပင်ဖြစ်ပါသည်။

“တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်ဟာ ဒီနှစ်ပိုင်းမှာ နယ်ပယ်များစွာပါဝင်တဲ့ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေး ဖြစ်ပါတယ်။ အနုပညာ၊ စားကောင်းသောက်ဖွယ်နဲ့ မီဒီယာ စတဲ့နယ်ပယ်တွေလည်း ပါဝင်တယ်။ ကျွန်မတို့ အချင်းချင်း သိရှိစေဖို့၊ နှစ်နိုင်ငံ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ဖို့ အကျိုးများစွာပြုနိုင်ခဲ့ပါတယ်။“ ဟု တရုတ်-မြန်မာ ယဉ်ကျေးမှုသီတင်းပတ်ကို ဆင်နွှဲခဲ့သော မြန်မာနိုင်ငံသား အေးအေးခိုင်က သတင်းထောက်အား ပြောပြသည်။ ယခုအကြိမ် တရုတ်-မြန်မာ ယဉ်ကျေးမှုသီတင်းပတ်အား မြန်မာနိုင်ငံမှ စိတ်ဝင်စားဂရုစိုက်မှု များစွာရရှိခဲ့သည်။ မြန်မာနိုင်ငံပြည်သူပြည်သားများ တက်တက်ကြွကြွ ဆင်နွှဲကာ ၎င်းလှုပ်ရှားမှုကို များစွာချီးကျူးကြပါသည်။ မြန်မာမီဒီယာများသည် အရေးပါသောကော်လံများတွင် ရေးသားဖော်ပြခဲ့သည်။

မြစ်တစ်သွယ်ရေ အတူသောက်သုံးပြီး ကံကြမ္မာ နီးနီးကပ်ကပ် ဆက်နွယ်လျက် ရှိနေပါသည်။ လွန်ခဲ့သောနှစ်တွင် တရုတ်-မြန်မာ ဘက်ပေါင်းစုံ မဟာမိတ်ဖက် ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြား များပြားလာသည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် အနီးဆုံးပြည်နယ် ဖြစ်သည်။ ယခုနှစ်ပိုင်းတွင် တရုတ်ယူနန်-မြန်မာတို့သည် ပညာရေး၊ ဆေးကုသရေး၊ ကျန်းမာရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်မှု စသည့်နယ်ပယ် များတွင် ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ကာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိနိုင်ခဲ့သည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေး၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေး တွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ရှေ့ ရေးအလားအလာ ကြီးမားလှပါသည်။ ထို့ကြောင့် ယခုအကြိမ် တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်ကို ကျင်းပနိုင်သည့်အတွက် အရေးပါသောအကျိုးများစွာ သက်ရောက်စေနိုင်ခဲ့သည်။

 

 

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံး ပြုံးပျော်ရွှင်” အနုပညာတင်ဆက် ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မျှော်လင့်သကဲ့သို့ပင် မြန်မာနိုင်ငံသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေးတွင် ပါဝင်ဆင်နွှဲသည့် အရေးပါသောနိုင်ငံတစ်ခုဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ဤအခွင့်ကောင်းကို ဆုပ်ကိုင်ကာ နှစ်ဦးနှစ်ဖက်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများအား အကျိုးပြုစေမည် ဖြစ်သည်။

 

(Yunnan Gateway)