ကူမင်းမြို့သို့ ရောက်ရှိသော မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များကို တွေ့ရစဉ်။
အဆိုပါအစီအစဉ်သည် တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်ကုသိုလ်ဖြစ်အဖွဲ့ချုပ်နှင့် ယူနန်ဖူဝိုက်ဆေးရုံတို့ ပူးပေါင်းဆောင်ရွက်သော “ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များ ကုသပေးသည့်လှုပ်ရှားမှု” ဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၁၇ ခုနှစ်မှစတင်ခဲ့ပြီး ၂ ကြိမ် အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ကာ မြန်မာကလေးငယ် (၂၇)ဦးအတွက် အခမဲ့ကုသပေးခဲ့ပါသည်။ ယခုတစ်ကြိမ်သည် တတိယအသုတ်ဖြစ်ပြီး ပညာရှင်အဖွဲ့သည် ကလေးငယ်(၁၅)ဦးကို သေချာစွာအသေးစိတ်စစ်ဆေးပြီးနောက် ကုသရေးအစီအစဉ်ကို ရေးဆွဲဆုံးဖြတ်ပြီးဖြစ်ကြောင်းသတင်းအရသိရပါသည်။
သတင်းထောက် ။ ။လီဖားရှင်း (ပြည်သူ့ကွန်ရက်)