ကူမင်းမြို့သို့ ရောက်ရှိသော မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များကို တွေ့ရစဉ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် တတိယအကြိမ် “‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များ ကုသပေးသည့်လှုပ်ရှားမှု”မှ ဝေဒနာရှင်ကလေး(၈)ဦးသည် ကူမင်းမြို့သို့ ရောက်ရှိလာပြီး ယူနန်ပြည်နယ် ဖူဝိုက်နှလုံးသွေးကြောဆိုင်ရာခွဲစိတ်ကုဆေးရုံ (Yunnan Fuwai Cardiovascular Hospital)သို့ တက်ရောက်ကုသမည် ဖြစ်ပြီး နောက်တစ်သုတ်တွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် (၇)ဦးသည်လည်း အဆိုပါဆေးရုံသို့ လာရောက်ကုသမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။