တရုတ်ယူနန် အာရှဆင်မွေးမြူရေးနှင့် ကယ်ဆယ်ရေးစင်တာအနီးတွင် “ဆင်ဖေဖေ” (ဆင်ဦးစီး) ဖြစ်သူဝမ်ကော်ဘင်းသည် အာရှဆင်များကို ဦးဆောင်ပြီး ချောင်းကိုဖြတ်ကျော်နေစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် လီမောင်မောင်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဓာတ်ပုံရိုက်သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် တည်ထောင်သည့် တရုတ်ယူနန် အာရှဆင်မွေးမြူရေးနှင့် ကယ်ဆယ်ရေးစင်တာသည် စစ်ဆောင်ပန်းနားရှိ သစ်တောကြီးတွင် နေထိုင်သည့် တောဆင်ရိုင်းများအတွက် ဘေးကင်းလုံခြုံနားခိုရာ ဖြစ်လာပါသည်။ စင်တာတွင် အာရှဆင်ကို သီးခြားစောင့်ရှောက်ပေးကြသော “ဆင်ဖေဖေ” (ဆင်ဦးစီး) ၃၀ ဦးကျော်ရှိပြီး တောဆင်ရိုင်းများကို စိတ်ရှည်လက်ရှည်စောင့်ရှောက်ကြပါသည်။ ယခုအချိန်ထိ သူတို့သည် အာရှဆင် ၂၃ ကောင်ကို ကယ်ဆယ်စောင့်ရှောက်ပေးခဲ့ပါသည်။