သစ်တော်သီးပန်းများ ဝေဝေဆာဆာပွင့်နေပြီး သစ်တော်သီးစိုက်ပျိုးရေး စီးပွားဝင်ငွေတိုးတက်

2020-02-28 17:59:09 |သတင်းအရင်းအမြစ် 云南网

ကျန့်ရွှေခရိုင် ဖူရွှံကျေးရွာအုပ်စုတွင် သစ်တော်သီးပန်းများ ဝေဝေဆာဆာပွင့်နေစဉ်။ အုပ်ဝေးက ဓာတ်ပုံရိုက်သည်။

လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် ဟွန်ဟယ် ဟားနီ၊ ရီတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ရွှေခရိုင် ဖူရွှံကျေးရွာအုပ်စု၌ သစ်တော်သီးပန်းများ ဝေဝေဆာဆာ ပွင့်နေပါသည်။ ဖူရွှံကျေးရွာအုပ်စု၏ သစ်တော်သီးပင်စိုက်ပျိုးရေးသမိုင်းကြောင်းသည် နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကျေးရွာအုပ်စုတစ်ခုလုံးသည် သစ်တော်သီးပင်ကို စုစုပေါင်း တရုတ်ဧက ၄၀၀၀ (မြန်မာဧက ၆၆၀ ဧကဝန်းကျင်ရှိ)ကျော် စိုက်ပျိုးထားပြီး ထွက်ကုန်အရေအတွက်မှာ ခန့်မှန်းတန်ချိန် ၂၂၀၀ ကျော်ရှိလာမည်ဖြစ်သောကြောင့် ထွက်ကုန်တန်ဖိုးမှာ တရုတ်ယွမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော်ရှိ )ကျော်ခန့်မှန်းထားသည်။ ထို့ကြောင့် ဒေသခံများအတွက် ဝင်ငွေကို တရုတ်ယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ ၇.၁ သိန်းကျော်ရှိ )ကျော် တိုးပွားလာစေမည်ဖြစ်ပြီး ဒေသခံများအတွက် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာနိုင်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

သတင်းပေးပို့သူ ။ ။ ကျောင့်ကျိဘင်း (ယူနန်ကွန်ရက်)