ဟင်းပွဲ ၁၆ ပွဲတွင် အများစုမှာ အသားဟင်းများဖြစ်ပြီး အသားတုံးသည်လည်း ကြီးလှပါသည်။ “အရင်တုန်းက ဝါလားဘီကျေးရွာက ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ ပစ္စည်းတော်တော်ရှားပါးတယ်။ ဒါကြောင့် အိမ်တိုင်းအိမ်တိုင်းက နှစ်သစ်ကူးအကြိုညမှသာ အကောင်းဆုံးအစားအစာကို စားကြရတယ်။”ဟု တာ့လားချူးကပြောပြပါသည်။ လက်ရှိအချိန်မှတော့ ဝါလားဘီကျေးရွာသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေပြီး ရွာသူရွာသားများလည်း ချမ်းသာလာပါသည်။ သို့သော်လည်း နှစ်သစ်ကူးအကြိုညစာစားပွဲတွင် ကြီးမားသောအသားတုံးစားသောဓလေ့ကို ယနေ့တိုင် ထိန်းသိမ်းထားပါသည်။