လူကူးကန်တော်ဘေးရှိ မောစောလူမျိုး နှစ်သစ်ကူးအကြိုညစာစားပွဲ

2020-01-21 17:46:44 |သတင်းအရင်းအမြစ် 云桥网

နှစ်တစ်နှစ်၏ နောက်ဆုံးရက် နံနက်မိုးမလင်းချိန်ကတည်းက လိကျန်းမြို့ နင်လန်ခရိုင် ဝါလားဘီကျေးရွာရှိ မောစောအမျိုးသမီး တာ့လားချူးသည် မီးမွှေး၍ ရေနွေးတည်နေပြီး နှစ်သစ်ကူးညစားပွဲကို စတင်ပြင်ဆင်နေပါသည်။ သူမတွင် ကြိုတင်ပြင်ဆင်စရာများလှသောကြောင့် စကားထိုင်ပြောချိန်ပင် မရှိပေ။ သို့သော်လည်း သူမ၏ မျက်နှာသည် ရွှင်လန်းစွာ ပြုံးနေပါသည်။