လူကူးကန်တော်ဘေးရှိ မောစောလူမျိုး နှစ်သစ်ကူးအကြိုညစာစားပွဲ

2020-01-21 17:46:44 |သတင်းအရင်းအမြစ် 云桥网

အရသာကောင်းလှသော ဟင်းပွဲစုံလင်သည့် နှစ်သစ်ကူးအကြိုညစာစားပွဲပြီးနောက် တစ်မိသားစုလုံးသည် မီးပုံဘေးတွင် ဝိုင်းထိုင်ပြီး ဝက်သားခြောက်ကို ကင်သည်။ တစ်ရွာလုံးမှာ ထွန်းလင်းတောက်ပနေသည်။ လူတွေသည် ရယ်မောကာဝိုင်းဖွဲ့စကားပြောနေကြသည်။ တာ့လားချူးနှင့် သူမ၏ခင်ပွန်းတို့သည် လာမည့်နှစ်တွင် နေအိမ်ကို ကျေးလက်တည်းခိုဆောင်အဖြစ် ပြောင်းလဲပြုပြင်ပြီး ခရီးသွားဧည့်သည်များအတွက် တည်းခိုနိုင်ရန် ဝန်ဆောင်ပေးမည့်အပြင် မောစောရိုးရာယဉ်ကျေးမှုကို ပြသနိုင်ရန် စီစဉ်နေကြောင်းသိရသည်။