သုံးပြည်နယ်ချိတ်ဆက်တံတားကြီးကိုဇန်နဝါရီလ ၂၁ ရက်နေ့ကတွေ့ရစဉ်။ ( မောင်းသူမဲ့လေယဉ်ဖြင့် ရိုက်ကူးသည်။)
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဝူးမွန်တောင်တန်းရှိ စစ်ချွမ်း၊ ယူနန်၊ ကွေ့ကျိုးလမ်းဆုံနေရာရှိ သုံးပြည်နယ်ချိတ်ဆက်တံတားကြီးတည်ဆောက်ပြီးစီး၍ ယာဉ်များစတင်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။ သုံးပြည်နယ်ချိတ်ဆက်တံတားကြီးသည် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးသော နေရာများစုစည်းနေသည့် ဝူးမွန်တောင်တန်းအတွင်းတည်ရှိပြီး ဝေ့မြစ်နှင့် တောင့်လျူမြစ်သည် ချိရွှေမြစ်သို့ ပေါင်းစည်းစီးဆင်းရာ “Y”ပုံသဏ္ဍာန် ချိုင့်ဝှမ်းကြီးသည် စစ်ချွမ်း၊ ယူနန်၊ ကွေ့ကျိုးသုံးပြည်နယ်ကို ပိုင်းခြားထားပါသည်။ ပြည်နယ်တစ်ခုခြင်းစီ၏ ဧရိယာအနားသတ်သည် ခြောက်ကမ်းပါးကြီးဖြစ်ပြီး ပထဝီအနေအထားမှာ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသောနေရာဖြစ်ကြောင်း သိရပါသည်။ သုံးပြည်နယ်ချိတ်ဆက်တံတားကြီးတည်ဆောက်ပြီးစီးခြင်းသည် ပြည်သူလူထုအတွက် သွားလာရေးလွယ်ကူအဆင်ပြေစေသည့်အပြင် သုံးပြည်နယ်ရှိ ထူးခြားလှသောချိုင့်ဝှမ်းသဘာဝရှုခင်းနှင့် အနီရောင်ခရီးသွားအရင်းအမြစ်ကိုလည်း ပိုင်ဆိုင်ထားခြင်းကြောင့် ပြည်နယ် ၃ ခု၏ စီးပွားရေးလမ်းကြောင်းပွင့်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်လည်း တွန်းအားပေးနိုင်မည် ဖြစ်ပါသည်။
သတင်းထောက် ။ ။ ကျန်းဟုန်ကျင် (ဆင်ဟွာသတင်းဌာန)