ဟူပေပြည်နယ်သို့ သွားရောက်ခဲ့သော ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာအဖွဲ့ ဝင် ၇၅၄ ဦး ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိစဉ်။
ဤတစ်ကြိမ် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် ယူနန်ပြည်နယ်သည် ဆေးဘက်ဆိုင်ရာအဖွဲ့များကို စေလွှတ်ပေးရုံမျှမက ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်၊ အသား၊ ကြက်ဥ၊ နို့ စသည်တို့ကိုလည်း အမြောက်အမြားလှူဒါန်းပေးခဲ့ပါသည်။ ယူနန်ပြည်နယ်သည် ဟူပေပြည်နယ်နှင့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုကို ထူထောင်ထားနိုင်ခဲ့ပြီး ယူနန်ပြည်နယ်မှ ဟူပေပြည်နယ်သို့ သွားရောက်ကူညီထောက်ပံ့ကြသည့် စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာအဖွဲ့၏ အပြန်ခရီးတွင် ဟူပေပြည်နယ်သူပြည်နယ်သားများက လိုက်လံပို့ဆောင်နုတ်ဆက်ကြကြောင်း သတင်းအရသိရပါသည်။
လောလောဆယ်တွင် ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များသည် ကူမင်းမြို့၌ ကျန်းမာအေးချမ်းစွာအနားယူနေပါသည်။
သတင်းထောက် ။ ။ ကျောင့်ကိုင်၊ ကျောင့်လီဟောင့် (ယူနန်ကွန်ရက်)