ဟူပေပြည်နယ်သို့ သွားရောက်ခဲ့သော ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာအဖွဲ့ ဝင် ၇၅၄ ဦး ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိစဉ်။
ယူနန်ပြည်နယ် ပြည်နယ်ခွဲ(မြို့) ၇ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းနှင့် မီဒီယာသတင်းထောက် စုစုပေါင်း ၇၅၄ ဦးပါဝင်သော ဟူပေပြည်နယ်သို့သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည့် ဆေးဘက်ဆိုင်ရာအဖွဲ့သည် မတ်လ ၂၂ ရက်နေ့တွင် လေယာဉ် ၄ စီးဖြင့် ဟူပေပြည်နယ်မှ ကူမင်းမြို့သို့ ရောက်ရှိလာပါသည်။ အဖွဲ့ဝင် ၂၆၃ ဦးသည် ဝူဟန့်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၄၈၃ ဦးသည် ရှန်နင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့တွင် ယူနန်နေ့စဉ်သတင်းစာတိုက်နှင့် ယူနန်ပြည်နယ်အသံလွှင့်ဌာနမှ သတင်းထောက် ၈ ဦးလည်း ပါဝင်ပါသည်။