ဧပြီလ ၆ ရက်နေ့တွင် ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အယ်ဟားနီ၊ ရီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၌ နွေဦးရာသီလက်ဖက်ခူးပွဲတော် ကျင်းပခဲ့ပါသည်။ လက်ဖက်လုပ်ငန်းသည် နင်အယ်ခရိုင်၏ အဓိကလုပ်ငန်းဖြစ်ပြီး တစ်ခရိုင်လုံးရှိ လက်ဖက်စိုက်တောင်သူများအတွက် တည်ငြိမ်ခိုင်မာသော ဝင်ငွေအခွင့်အလမ်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်နှစ်ကုန်အထိ နင်အယ်ခရိုင်တွင် လက်ဖက်ခြံ တရုတ်ဧက ၃၃ ဧက (၂၂၀၀၀ ဟက်တာ) ရှိပြီး ခေတ်သစ်ဇီဝလက်ဖက်ခြံ တရုတ်ဧက ၂၂.၄၈ ဧက (၁၃၆၅၃ ဟက်တာ)၊ တောရိုင်းလက်ဖက်ခြံ တရုတ်ဧက ၁၂.၁၆ ဧက (၈၁၀၇ ဟက်တာ)၊ ရှေးဟောင်းလက်ဖက်စိုက်ပျိုးခြံ တရုတ်ဧက ဝ.၃၆ ဧက (၂၄၀ ဟက်တာ) ရှိပါသည်။
သတင်းထောက် ။ ။ ရန်ဇုန်ယုပ် (ဆင်းဟွာသတင်းဌာန)