ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာလအတွင်း ပန်းမန်စိုက်တောင်သူများသည် ပန်းမန်ရောင်းအား မကောင်းခဲ့ပါ။ လင်ရမ့် အလုပ်လုပ်သော ကုမ္ပဏီသည် အန်းနင် ဘားကျေးမြို့နယ်ရှိ “လျောင်မူတိ”ကုမ္ပဏီ (ဟက်တာ ၆၀ ကျော်ရှိသော နှင်းဆီပန်းစိုက်ခင်းရှိသော ကုမ္ပဏီ)နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ပူးပေါင်းဆောင်ရွက်ပြီး နေ့စဉ် နှင်းဆီပန်းစည်း ၈၀၀ မှ ၂၀၀၀ အထိရောင်းချနိုင်ပါသည်။ လက်ရှိအချိန်တွင် “လျောင်မူတိ”ကုမ္ပဏီရှိ ၉၀% သော နှင်းဆီပန်းသည် လေလံတင်ရောင်းချခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်း တို့မှတဆင့် ရောင်းချလျက်ရှိပါသည်။