ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ယူနန်ပြည်နယ် ကူမင်းမြို့ တုပ်နန်ပန်းမန်ဈေးကွက်တွင် အွန်လိုင်း ပန်းမန်ရောင်းချရေးလုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပါသည်။ ဈေးကွက်အတွင်း လမ်းလျှောက်ပြီး ပန်းမန်များကို အွန်လိုင်းရောင်းချနေသော တိုက်ရိုက်ထုတ်လွှင့်သူများကို မကြာခဏ မြင်တွေ့နိုင်သည်။ တိုက်ရိုက်ထုတ်လွှင့်သူအချို့သည် တစ်သီးပုဂ္ဂလဖြစ်ပြီး အချို့သည် သီးခြား ကုမ္ပဏီနှင့် အဖွဲ့ရှိပါသည်။ အွန်လိုင်းရောင်းချရသော ပန်းမန်များကို ကျွမ်းကျင်ဝန်ထမ်းများမှ ပါကင်ထုတ်၍ စားသုံးသူအတွက် ပို့ဆောင်ပေးပါသည်။