မြောင်တိုင်းရင်းသားကျေးရွာထွက်ကုန်ရောင်းချရန် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ကူညီပေးသည်။
ရှီးလင်ကျောင်း၏ ဇာတိဖြစ်သော ရှီဘားတွန့်ကျေးရွာသည် မြောင်တိုင်းရင်းသားကျေးရွာဖြစ်ပြီး မြောင်တိုင်းရင်းသားလူမျိုးဆိုင်ရာ ယဉ်ကျေးမှု၊ နေ့စဉ်ဘဝ၊ လယ်ယာလုပ်ငန်း၊ မြောင်အစားအစာချက်ပြုတ်ခြင်း၊ မြောင်သီချင်းသီဆိုခြင်း စသည်တို့သည် ရှီးလင်ကျောင်း၏ တိုက်ရိုက်ထုတ်လွှင့်သော အကြောင်းအရာများ ဖြစ်ပါသည်။ သူမနှင့် သူမအဖွဲ့သည် တိုက်ရိုက်ထုတ်လွှင့်ခြင်းပလက်ဖောင်းဖြင့် ဒေသထွက်ကုန်ရောင်းချရေးအတွက် လမ်းကြောင်းချဲ့ထွင်ထားပြီး ဒေသခံအတွက် ဝင်ငွေတိုးစေရန် မျှော်လင့်ထားပါသည်။ လက်ရှိအချိန်အထိ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုတွင် ရှီးလင်ကျောင်း၏ ပရိသတ်စုစုပေါင်း ၅ သောင်းကျော် စုစည်းရရှိနေပြီ ဖြစ်ပါသည်။
သတင်းထောက်။ ။ရွှေးယွီခယ်(ဆင်ဟွာသတင်းဌာန)