မြောင်တိုင်းရင်းသားကျေးရွာထွက်ကုန်ရောင်းချရန် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ကူညီပေးသည်။
ရှီးလင်ကျောင်းသည် ဟူနန်ပြည်နယ် ရှန်းရှီး ထူကျား၊ မြောင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီဘားတွန့်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။ သူမသည် ကျယ့်ကျန်ပြည်နယ် ဂီတသိပ္ပံမှ ဘွဲ့ရပြီး ဟူနန်ပြည်နယ် လျူရန်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အရောင်းမြှင့်တင်ရေးအလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။ အရောင်းမြှင့်တင်ရေးအလုပ်သည် တည်ငြိမ်သော အလုပ်ဖြစ်ပြီး ဝင်ငွေမှာလည်း မနည်းပါ။ သို့သော် ရှီးလင်ကျောင်းသည် ၂၀၂၀ ခုနှစ်အစပိုင်းတွင် မိမိဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်ပြီး ရှီဘားတွန့်ကျေးရွာသို့ ပြန်သွားကာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ပါသည်။