ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖိန်ဘျန်းမြောင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ရှင်းယွမ်ယွမ်တိုင်းရင်းသား ဒေသထွက်ကုန်အထူးသမဝါယမတွင် “ပန်းထိုးမယ်”များသည် ပန်းထိုးနေကြပါသည်။ လတ်တလောနှစ်ပိုင်းတွင် ယူနန်ပြည်နယ် ဖိန်ဘျန်းမြောင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် သမဝါယမစနစ်ဖြင့် အမျိုးသမီးများဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေး အလုပ်ရုံငယ်ကို တည်ထောင်ထားပြီး မြောင်တိုင်းရင်းသား ပန်းချီနှင့် ပန်းထိုးလက်ရာစသည့် ယဉ်ကျေးမှုလက်မှုလက်ရာများ လေ့လာပြုလုပ်ကာ အိမ်၌ကျန်ရှိသည့်အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို စီစဉ်ပေးပါသည်။ ၂၀၁၉ ခုနှစ်တွင် အဆိုပါအလုပ်ရုံငယ်သည် “ပန်းထိုးမယ်” စုစုပေါင်း ၃၀၀ ဦးကို ပျိုးထောင်ပေးထားပြီး “ပန်းထိုးမယ်” တစ်ဦးချင်းစီ၏ လစဉ်ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၄၀၀၀ (၅၆၅ ဒေါ်လာ) ရရှိကြပါသည်။
သတင်းထောက် ။ ။ လျောင်ကျိချန် (ဆင်ဟွာသတင်းဌာန)