ဇွန်လ ၃ ရက်နေ့တွင် ယူနန်ပြည်နယ် လုလျန်ခရိုင် ရှောင်ပိုင်ဟုမြို့နယ်ရှိ အာလူးစိုက်ခင်းကို တွေ့ရစဉ်။
လက်ရှိအချိန်တွင် ယူနန်ပြည်နယ် လုလျန်ခရိုင် ရှောင်ပိုင်ဟုမြို့နယ်ရှိ တရုတ်ဧက ၄၀၀၀၀ (၂၆၆၆ ဟက်တာ) ကျော်ရှိသော အာလူးစိုက်ခင်းသည် အသီးဆွတ်ခူးချိန်ကျရောက်သဖြင့် စိုက်ခင်းတွင် အလုပ်များနေသော လယ်သမားများကို တွေ့မြင်နိုင်ပါသည်။ ရင့်မှည့်နေသော အာလူးများကို လျင်မြန်စွာ ဆွတ်ခူးနိုင်ရန် ဒေသခံများသည် အာလူးရိတ်သိမ်းစက်ကို အသုံးပြုပါသည်။
ရှောင်ပိုင်ဟုမြို့နယ်သည် ပြောင်းဖူး၊ ဆေးရွက်ကြီးပင်၊ ဆန်စပါး၊ အာလူး၊ သစ်ကြားသီး စသည့်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လုလျန်ခရိုင်တွင် အိမ်ထောင်စု ၉၃၀၄ စု၊ လူဦးရေစုစုပေါင်း ၃၂၉၈၆ ဦးတို့သည် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာလွတ်မြောက်လာပါသည်။
သတင်းထောက် ။ ။ ဇီးဟုန်ရှီ၊ ဇီကျွင်းရီ၊ စမ်းကျင့် (ဆင်းဟွာသတင်းဌာန)