တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာကို စက်တင်ဘာ ၂၈ ရက်က တရားဝင်အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဩဂုတ် ၈ ရက်က ကျိုကျိုက်ကိုးခရိုင်တွင် ပြင်းအား အဆင့် (၇) ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာသည် ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ပျက်စီးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာတွင် သစ်ပင်ပေါင်း (၂၇၀,၀၀၀) ပင် ပြန်လည်စိုက်ပျိုးခဲ့ပြီး ဂေဟပတ်ဝန်းကျင် (၂၅၈၅)ဧကကို ပြန်လည်မွမ်းမံခဲ့ရာ ရှုခင်းသာခရီးသွားနေရာဒေသ၏ ဂေဟစနစ်ကို ထိရောက်စွာ ပြန်လည်မွမ်းမံနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)