succulent ပင်များ အွန်လိုင်းတွင် ရောင်းကောင်းနေပြီး စီးပွားဖြစ်ထွန်းလျက်စေ

2021-02-22 18:54:05 |သတင်းအရင်းအမြစ် 云南日报

တရုတ်နိုင်ငံ၏ အီးကော်မာ့စ်ပလက်ဖောင်း Taobao မှ ကိန်းဂဏန်းများအရ ယခုနှစ်အတွင်း တရုတ် နိုင်ငံ ယူနန်ပြည်နယ်မှ succulent ပင်များသည် Taobao တွင် ရောင်းကောင်းလျက်ရှိပါသည်။ ယခုနှစ် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ရုံးပိတ်ရက်ကာလတွင် ကူမင်းမြို့ ချိန်ကုန်မြို့နယ်၏ Gumupai succulent ပင်များ စိုက်ပျိုးရေးစခန်း၌ အရောင်းရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ ၎င်းစိုက်ပျိုးရေးစခန်း ၏ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်သူ Xie xin သည် ၂ နာရီမှ ၃ နာရီဝန်းကျင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရောင်းအားပမာဏ တရုတ်ငွေယွမ် ၂ သောင်း ရရှိခဲ့ပါသည်။

ချစ်စဖွယ်ကောင်းသော succulent ပင်များ အွန်လိုင်းသို့ တင်ကာရောင်းချပြီးနောက် ကြီးမားသော စျေးကွက် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် Xie xin သည် ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့တွင် နေရောင်ခြည်ကျရောက်မှု ကာလရှည်ကြာခြင်း၊ နေ့ခင်းပိုင်းနှင့်ညပိုင်းအပူချိန် များစွာကွာခြားသောကြောင့် succulent ပင်များ စိုက်ပျိုးရန် အလွန်သင့်လျော်သည်ကို တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် သူမသည် ကူမင်းမြို့တွင် စိုက်ပျိုးရေး စခန်းကို တည်ဆောက်ပြီး တရုတ်နိုင်ငံ စန်းတုံးပြည်နယ်မှ succulent ပင်များ ဝယ်ယူ စိုက်ပျိုးခဲ့ပါသည်။

သူမသည် succulent ပင်များ စိုက်ပျိုးရင်း သက်ဆိုင်ရာပညာရပ်များကို လေ့လာခဲ့ပြီး တဖြည်းဖြည်း ချင်းက နာမည်ကျော်ကြားလာပါသည်။ တရုတ်နိုင်ငံနေရာဒေသအသီးသီးမှ ဧည့်သည်များသည် succulent ပင်များ ဝယ်ယူရန် သူမထံ သီးသန့်လာကြပါသည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်း ရေပန်းစား လာပြီးနောက် သူမသည် အွန်လိုင်းတွင် succulent ပင်များ စတင် ရောင်းချခဲ့သည်။ အချိန်တိုအတွင်း သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဥ်များသည် လူကြိုက်များလာပြီး သောင်းနှင့်ချီသော ပရိသတ် များ ရရှိခဲ့ပါသည်။ ယခုအချိန်တွင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းစခန်းသည် တစ်နေ့လျှင် ၁၂ နာရီ မှ ၁၅ နာရီထိ တိုက်ရိုက်ထုတ်လွှင့်နေပြီး နေ့စဉ်ရောင်းရငွေသည် တရုတ်ငွေယွမ် ၅ သောင်းမှ ၂ သိန်းထိ ရှိသည်။