ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟော်ပြည်နယ်ခွဲ ကျန့်ရွှေခရိုင် ဖန်ကျန်းကျေးရွာ အုပ်စု ရှန့်အန်းရွာ၏ ရွာသူမစ္စလီလန်ဖုန်းနှင့် သူမ၏အမျိုးသားဖြစ်သူသည် လိမ္မော်သီးဆွတ်ခူးခြင်း ကြောင့် အလုပ်များနေပါသည်။ ဒေသခံအစိုးရ၏ ကူညီထောက်ပံ့မှုကြောင့် ယခုနှစ်ပိုင်းတွင် လီလန်ဖုန်း မိသားစုသည် လိမ္မော်သီး ၈.၂၄ ဧကခန့်ကို ရှေ့ဆင့်နောက်ဆင့် စိုက်ပျိုးခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေ တရုတ်ငွေယွမ် ၃ သိန်း ရရှိခဲ့ပါသည်။ သတင်းအရ၊ ယခုအချိန်တွင် ဖန်ကျန်းကျေးရွာအုပ်စုသည် လိမ္မော်သီး စိုက်ပျိုးခြင်းအကျယ်အဝန်းသည် ၁၂၈၄၉.၅ ဧကခန့်ရှိပြီး ၎င်းအနက် ၅၂၇၁.၆ ဧကခန့်သည် လိမ္မော်သီးများ အသီးသီးခဲ့ကာ စုစုပေါင်းဝင်ငွေသည် တရုတ်ငွေယွမ် သန်း ၃၅၀ ရရှိခဲ့ပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)