ဧပြီလ ၁ ရက်နေ့မှစပြီး ရွှေလီမြို့အပါအဝင်နယ်စပ်ဒေသမြို့ပြနှင့် ခရိုင် ၄ ခုတို့သည် ကိုဗစ်-၁၉ ကာကွယ်ရေးဆေးထိုးနှံရန် အတိုင်းအတာကြီးမားစွာဖြင့် ဘက်ပေါင်းစုံမှ အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်နေရာ ၆၅ ခုကို ခင်းကျင်းစီမံထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆေးကိုလည်း အလုံအလောက် ပြင်ဆင်ထားပါသည်။
ဧပြီလ ၁ ရက်နေ့တွင် ရွှေလီမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စနစ်တကျ ထိုးနှံသည့် မြင်ကွင်းကို ဓာတ်ပုံများမှတစ်ဆင့် အတူ လေ့လာကြည့်ရှုနိုင်ပါသည်။