တယ်ဟုန်ပြည်နယ်ခွဲမှ လူငယ်တစ်ဦးသည် ကာတွန်းပန်းချီများဖြင့် ရွှေလီ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး အားပေး

2021-04-16 16:03:36 |သတင်းအရင်းအမြစ် 掌上德宏

ယခုရက်ပိုင်းတွင် ကျင်ကျဲဟု ခေါ်ဆိုသည့် လူငယ်တစ်ဦးသည် ယူနန်ပြည်နယ် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်သော တိုင်းရင်းသား လူမျိုးစု ၅ စုမှ ပြည်သူလူထုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတို့အတွက် ရေးဆွဲတီထွင်လှုံဆော်မှုအနေဖြင့် ကာတွန်းပန်းချီ ၁၄ ပုံကို ရေးဆွဲကာ ထုတ်ဝေဖြန့်ချိလိုက်ပါသည်။ သူသည် ပန်းချီရေးဆွဲသကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး တပ်သားအဖြစ် ခံယူကာ ဗိုင်းရပ်စ်များအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ဗိုင်းရပ်စ်များကို အနိုင်ယူခဲ့သည်။ ထိုပန်းချီကားများသည် နွေးထွေးပြီး ချစ်စရာကောင်းသည်။


အရေးကြီးသည့် အချိန်ကာလတွင် လူတိုင်းသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရွှေလီမြို့အား အားပေးလျက်ရှိနေပါသည်။ ရွှေလီမြို့ အားတင်းထားပါ၊ ညဥ့်နက်ပြီးနောက် အရုဏ်ဦး ကြိုဆိုလာ လိမ့်မည်။